The network connection is lost.

Banner Image

၂၀၂၆-၂၀၂၇ ရာသီမှာ အီဆက်ခ် ခြေစွမ်းပြနိုင်မယ်လို့ လီဗာပူးဂန္ထဝင်ဖောင်လာ ယုံကြည်နေ

လီဗာပူးပရိသတ်တွေက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ အီဆက်ခ် ဒဏ်ရာကင်းစင်နေဖို့  မျှော်လင့်နေကြပါတယ်။

နွေရာသီအားလပ်ရက်အပြီး ဒီဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးက အမေရိကန်ရာသီကြိုခရီးစဉ်ရောက်ရှိနေတဲ့ အန်ဒိုနီအီရာအိုလာရဲ့အသင်းဆီ သွားရောက်ပူးပေါင်းခဲ့ပါတယ်။ သူက လိဒ်ယူနိုက်တက်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ချီကာဂိုမြို့ခြေစမ်းပွဲစဉ်မှာ ၄၅ မိနစ်ကြာ ပါဝင်ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ နယူးကာဆယ်မှ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာတဲ့ အီဆက်ခ်က မာဆေးဆိုဒ်အဖွင့်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် အီရာအိုလာက သူ့ကို ပွဲကစားချိန်တွေ ပြန်ပေးရင်း အသားကျလာအောင် လုပ်ဆောင်ပေးနေပါတယ်။

ဒါပေမဲ့ အီဆက်ခ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဆွီဒင်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးရင်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီလိုပုံစံကောင်းတွေကို အီဆက်ခ်ကိုယ်တိုင် ကလပ်အသင်းဆီ ပြန်သယ်ဆောင်လာဖို့ မျှော်လင့်နေပါတယ်။

ပေါင် ၁၂၅ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးဖိအားတွေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် အီဆက်ခ်က လီဗာပူးကစားသမားဘ၀မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို မပြသနိုင်သေးပါဘူး။ ဒါပေမဲ့ ကြိုးကြာနီဂန္တဝင်ရော်ဘီဖောင်လာကတော့ အခုအချိန်မှာ အီဆက်ခ်ကိုယ်တိုင် အခွင့်အရေးအမိအရဖမ်းယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။

"ဒီရာသီမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အီဆက်ခ် ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာဒဏ်ရာရသွားတာက သူ့အတွက် တကယ့်ကိုမကောင်းလှပါဘူး။ ကမ္ဘာ့ဖလားမှာတော့ သူက အတော်လေးကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ကို လနဲ့ချီပြီး စောင့်နေရတာမျိုး မဟုတ်ဘဲ ရာသီအစကတည်းက အသင့်ဖြစ်နေစေချင်ပါတယ်" လို့ ဖောင်လာက ဆိုပါတယ်။