The network connection is lost.

Banner Image

ကွန်ပနီလက်အောက်မှာ အံ့အားသင့်လောက်စရာကောင်းအောင် အများကြီးသင်ယူခဲ့ရတယ်လို့ ဖွင့်ဟလာတဲ့ တွမ်ဘစ်ရှော့ဖ်

အသက် ၂၀ အရွယ် ဂျာမနီကစားသမားလေးက ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြကွန်ပနီရဲ့ လေ့ကျင့်သင်ကြားပေးမှုအောက်မှာ ဖြတ်သန်းနေရတဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ Sky Germany နဲ့ အင်တာဗျူးမှာ တွမ်ဘစ်ရှော့ဖ်က ဘိုင်ယန်မြူးနစ်ကစားသမားဘ၀၊ သူ့အပေါ် ကွန်ပနီရဲ့လွှမ်းမိုးနိုင်စွမ်းကို အသေးစိတ်ဖွင့်ဟခဲ့ပါတယ်။

"ကျွန်တော့်ကို ဘယ်နောက်ခံလူ၊ ညာနောက်ခံလူနေရာတွေမှာ ကစားနိုင်ဖို့ ယုံကြည်မှုတွေ ပေးခဲ့တဲ့အတွက် သူ့ဆီမှ အံ့ဩစရာကောင်းလောက်အောင် အများကြီး သင်ယူခဲ့ရပါတယ်" လို့ အဆိုပါ ကွင်းလယ်လူက ရှင်းပြပါတယ်။ "ပြီးတော့ သူက ကျွန်တော့်ကို တကယ့်ကို ယုံကြည်တယ်လို့ ခံစားရအောင် လုပ်ပေးတယ်။ ဒါက ကစားသမားတစ်ဦးအတွက်၊ အထူးသဖြင့် ကျွန်တော့်အတွက်တော့ ခွန်အားတွေ အများကြီး ရရှိစေပါတယ်" လို့ သူက ဆက်ပြောပါတယ်။

"ဘိုင်ယန်မြူးနစ်ဆီစရောက်ချိန်မှာလည်း ကျွန်တော့်ရဲ့လှုပ်ရှားမှုတိုင်းကို တစ်ခုချင်းစီသေချာလိုက်ပြီး သင်ပြပေးခဲ့လို့ အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။ အခုမှပဲ အဲဒီလိုသင်ပြပေးခဲ့မှုတွေက ကျွန်တော့်အတွက် ဘယ်လောက်တောင် အကျိုးရှိလဲဆိုတာ သိလာပါတော့တယ်။ သူ့လက်အောက်မှာ ကစားရသလောက် အများကြီး သင်ယူခဲ့ရတဲ့ ရာသီမျိုး ကျွန်တော့်ဘဝမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး" လို့ ဘစ်ရှော့ဖ်က ဆိုပါတယ်။

လူစားဝင်ကစားသမားအဖြစ်ပဲ အများဆုံးပါဝင်ခဲ့ရပေမဲ့ ဘစ်ရှော့ဖ်က ဘွန်ဒက်လီဂါပွဲစဉ် ၂၆ ပွဲအထိ ကစားပေးခဲ့ပြီး သုံးဂိုးသွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။