The network connection is lost.

Banner Image

ကွန်တီနဲ့လမ်းခွဲဖို့နီးစပ်နေတဲ့ နာပိုလီအသင်းဆီ အံ့အားသင့်ဖွယ် ပြန်လာဖို့ရှိနေတဲ့ ဆာရီ

အခုဘောလုံးရာသီကုန်ဆုံးချိန်၊ နာပိုလီအသင်းမှ ထွက်ခွာတော့မယ့် ကွန်တီရဲ့နေရာမှာ ဆာရီ ပြန်လည်ရောက်ရှိလာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက် ၅၆ နှစ်အရွယ်ကွန်တီက အခုဘောလုံးရာသီကုန်မှာ နာပိုလီမှ ထွက်ခွာဖို့ရှိနေပြီး အီတလီလက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်သွားမယ်လို့ မျှော်လင့်ရကြောင်း သတင်းတွေမှာ အကျယ်တဝင့်ဖော်ပြနေကြပါတယ်။

La Gazzetta dello Sport သတင်းစာရဲ့ အဆိုအရ နာပိုလီအသင်းကို အီတလီဘောလုံးလောကရဲ့ အင်အားကြီးကလပ်အသင်းတစ်ခုဖြစ်အောင် အဓိကပြောင်းလဲပေးခဲ့သူ အသက် ၆၇ နှစ်အရွယ် ဆာရီက နေပယ်လ်ကလပ်အသင်းဆီ ပြန်လာတော့မယ်လို့ သိရပါတယ်။

အသင်းဥက္ကဋ္ဌဒီလောရန်တီစ်ကိုယ်တိုင်လည်း ဆာရီကို နည်းပြသစ်အဖြစ် အမြန်ဆုံးခန့်အပ်ဖို့အတွက် ကြိုးစားနေပြီး ဆာရီရဲ့လက်ရှိကလပ်လာဇီယိုအသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆာရီက သူ့ရဲ့ဇာတိမြေဖြစ်တဲ့နေပယ်မြို့ဆီ ပြန်လည်ရောက်ရှိဖို့နဲ့ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိသုံးရာသီကြာ အောင်မြင်မှုတွေ ရှာဖွေနိုင်ခဲ့တဲ့ အသင်းဟောင်းဆီ ပြန်လည်ပူးပေါင်းနိုင်မယ့် အခွင့်အရေးအတွက် အလွန်ဝမ်းအားရကျေနပ်နေတယ်လို့ သိရပါတယ်။