The network connection is lost.

Banner Image

ဂျန့်အသင်းလူငယ်ဂိုးသမားလူကာဘရုချ်မန်းစ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ လီဗာပူးအသင်း အတည်ပြုကြေညာ

လီဗာပူးအသင်းက ဘယ်လ်ဂျီယံပြည်တွင်းကလပ်ဂျန့်အသင်းရဲ့လူငယ်ဂိုးသမား လူကာဘရုချ်မန်းစ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်ဂိုးသမားက အခုဘောလုံးရာသီ၊ ဂျန့်အသင်းအတွက် ပွဲစဉ်လေးခုကို ပွဲချိန်ပြည့် ပါဝင်ကစားပေးထားပြီး Clean Sheet တစ်ကြိမ် ရရှိထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ဥရောပချန်ပီယံရှစ်နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဘယ်လ်ဂျီယံယူ-၁၇ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဘရုချ်မန်းစ်က လက်ရှိမှာလည်း နိုင်ငံ့လက်ရွေးစင်အဆင့်ယူ-၁၉ အသင်းရဲ့ကပ္ပတိန်တာဝန်ကို ရယူထားပါတယ်။

လီဗာပူးအသင်းက ဘရုချ်မန်းစ်ကို အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်းပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ အထိ ရှိလာနိုင်မယ့် သဘောတူညီမှုတစ်ခုဖြင့် ခေါ်ယူခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

သူ့ရဲ့စာချုပ်သက်တမ်းကာလအပိုင်းအခြားကို မထုတ်ပြန်ထားပေမဲ့ လီဗာပူးအသင်းကတော့ "ရေရှည်စာချုပ်"အဖြစ် ဖော်ပြထားပါတယ်။

ဘရုချ်မန်းစ်က လာမယ့်နွေရာသီ၊ အသင်းဖော်သစ်တွေနဲ့ မပူးပေါင်းမီ အခုဘောလုံးရာသီရဲ့လက်ကျန်ကာလတွေကို ကစားသမားဘ၀စတင်ရာငယ်ဘ၀ကလပ်အသင်းမှာပဲ အငှားအဖြစ် ဆက်လက်ဖြတ်သန်းသွားရပါမယ်။