The network connection is lost.

Banner Image

အာဆင်နယ်က တည်ကန်ဘောတွေမှာ ကမ္ဘာ့အကောင်းဆုံးပဲလို့ ဘန်လေနည်းပြ ပြောကြား

အမ်းမရိတ်စ်ကွင်းမှာ ဘန်လေအသင်း အနည်းဆုံးဂိုးရလဒ် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ မိုက်ဂျက်ဆင်က အာဆင်နယ်အသင်းရဲ့ ပွဲတည်ကန်ဘော (dead-ball) အသုံးချမှု အရည်အသွေးကို ချီးကျူးပြောဆိုလိုက်ပါတယ်။

ဘန်လေ (The Clarets) အသင်းဟာ အမ်းမရိတ်စ်ကွင်းမှာ ၁ ဂိုး - ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ် (The Gunners) အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုပြေးပွဲမှာ အခွင့်အသာ ရရှိသွားစေခဲ့ပါတယ်။

ကျွမ်းကျင်ပိုင်နိုင်စွာ ကန်တင်ပေးခဲ့တဲ့ ပွဲတည်ကန်ဘောကြောင့်ပဲ သူ့အသင်း အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ပထမပိုင်းမှာ ကိုင်ဟာဗက်ဇ် ခေါင်းတိုက်သွင်းယူခဲ့တဲ့ဂိုးက ပွဲရဲ့အဆုံးအဖြတ် ဖြစ်သွားခဲ့တယ်လို့ ယာယီနည်းပြက ဝန်ခံခဲ့ပါတယ်။

"ကျွန်တော်တို့ ဘယ်လိုစိန်ခေါ်မှုမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြိုသိထားပါတယ်။ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲရော ဒီနေ့ပွဲမှာပါ အရှုံးပေးလိုက်ဖို့ (လက်လျှော့လိုက်ဖို့) လွယ်ပေမဲ့ ကစားသမားတွေက အဲ့ဒီလိုမလုပ်ခဲ့တာဟာ တကယ်ကို ချီးကျူးဖို့ကောင်းပါတယ်။ ဒီပွဲကနေ ရလဒ်တစ်ခုခု မရရှိခဲ့တာကြောင့် စိတ်မကောင်းဖြစ်ရပေမဲ့ ကစားသမားတွေကိုတော့ အသိအမှတ်ပြုပါတယ်" လို့ ဂျက်ဆင်က ပရီးမီးယားလိဂ် ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ပွဲတည်ကန်ဘောကနေတစ်ဆင့် ဂိုးပေးလိုက်ရတာပါ။ အာဆင်နယ်က အဲ့ဒီလိုကန်ဘောတွေမှာ ကမ္ဘာ့အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ကျွန်တော် ပထမပိုင်းမှာ အသင်းကို ပြောခဲ့တာကတော့ မိနစ် ၆၀ ဒါမှမဟုတ် ၇၀ အထိ အောင့်ခံကစားပြီးမှ တိုက်စစ်ဆင်မယ်ဆိုတာပါပဲ။

ဒါက ကျွန်တော်တို့ရဲ့ အစီအစဉ်ပါ။ ထိပ်တန်းအသင်းတစ်သင်းနဲ့ ကစားတဲ့အခါ ကွင်းအတွင်းမှာ (ပြိုင်ဘက်အသင်းအပေါ်) သံသယတွေ ဖြစ်လာစေမယ့် အခိုက်အတန့်မျိုးတွေကို ဖန်တီးရမှာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ပါပဲ" လို့ ၎င်းက ဆိုပါတယ်။