The network connection is lost.

Banner Image

ဘန်လေကို အိမ်ကွင်းမှာ အနိုင်ယူကာ ပရီးမီးယားလိဂ်ဖလားနဲ့အလွန်နီးစပ်လာတဲ့ အာဆင်နယ်

အာဆင်နယ် ၁ - ၀ ဘန်လေ (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းက အိမ်ကွင်းမှာ ဘန်လေကို ကိုင်ဟာဗက်ဇ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ယူကာ ပရီးမီးယားလိဂ်ဖလားပြေးလမ်းမှာ အမှားအယွင်းမရှိရှေ့ဆက်နိုင်ခဲ့ပါတယ်။

တစ်ပွဲလုံးနီးပါး အာဆင်နယ်က ထိန်းချုပ်ကစားခဲ့ပေမဲ့ တိုက်စစ်ပိုင်းက အဆုံးသတ်မသေချာမှု၊ အချိတ်အဆက်တွေလွဲချော်နေမှုတို့ကြောင့် ဂိုးပြတ်ခဲ့ခြင်းမရှိဘဲ ပွတ်ကာသီကာအနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်က မနက်ဖြန်ည မန်စီးတီးအသင်း အမှတ်လျော့ခဲ့ရင် ဒါမှမဟုတ် လက်ကျန် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်ကို အနိုင်ကစားနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။