The network connection is lost.

Banner Image

ယူနိုက်တက်ပစ်မှတ် ဗယ်ဗာဒီကို တစ်ချိန်က အလွန်အမင်းချီးကျူးခဲ့ဖူးတဲ့ ကတ်စ်မဲရိုး

ဖီဒရီကို ဗယ်လ်ဗာဒီဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီးနောက် ကတ်စ်မဲရိုးရဲ့ မှတ်ချက်တွေက အခုတဖန် ပြန်လည်ထွက်ပေါ်လာပါတယ်။

၂၀၂၅-၂၆ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အခါ ကတ်စ်မဲရိုးဟာ ယူနိုက်တက်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ကစားသမားကြီးဟာ ၂၀၂၂ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အောင်မြင်စွာ ထိန်းကျောင်းပေးခဲ့သူဖြစ်ပြီး အခုတော့ စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။

ထူးခြားတဲ့ တစ်ဦးချင်းခြေစွမ်းပြမှုတွေနဲ့အတူ ကတ်စ်မဲရိုးဟာ ပရီမီယံလိဂ်ပွဲစဉ် ၃၃ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးထားပြီး မိုက်ကယ်ကားရစ်ရဲ့ အသင်းအတွက် တကယ့်ကို ပွဲအဖြေပြောင်းလဲပေးနိုင်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူ ထွက်ခွာတော့မယ့် အချိန်နီးကပ်လာတာကြောင့် ယူနိုက်တက်ဟာ သူ့နေရာမှာ အစားထိုးဖို့ ကွင်းလယ်လူအများအပြားကို ခေါ်ယူဖို့ ကြိုးစားနေပြီး အဲ့ဒီထဲမှာ ဗယ်လ်ဗာဒီလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ ဗယ်လ်ဗာဒီကို ခေါ်ယူဖို့ စီစဉ်နေပြီး ရီးရဲလ်မက်ဒရစ်မှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး အဲ့ဒီဥရုဂွေးကွင်းလယ်လူကို အရခေါ်ယူဖို့ မျှော်လင့်နေတာပါ။

ကတ်စ်မဲရိုးဟာ ဘာနေဗျူးမှာရှိစဉ်တုန်းက ဗယ်လ်ဗာဒီနဲ့အတူ တွဲဖက်ကစားခဲ့ဖူးပြီး သူဟာ ထိပ်တန်းကွင်းလယ်လူတစ်ယောက် ဖြစ်လာမယ်ဆိုတာကို အမြဲတမ်း သိထားခဲ့တာ ဖြစ်ပါတယ်။

ဗယ်လ်ဗာဒီ ရီးရဲလ်ပထမအသင်းဆီ စတင်ရောက်ရှိလာခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ဘရာဇီးလ်ကွင်းလယ်လူ ကတ်စ်မဲရိုးက ဗယ်လ်ဗာဒီရဲ့ အရည်အချင်းအပေါ် အားရပါးရ ချီးကျူးခဲ့ဖူးပါတယ်။

"ဗယ်လ်ဗာဒီဟာ နောက်ထပ် ၂ နှစ်အတွင်းမှာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ်လူ (နံပါတ် ၈ နေရာ) တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် အရင်က ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် မှားသွားတယ်၊ ဘာလို့လဲဆိုတော့ သူက အဲ့ဒီထက်တောင် ပိုစောပြီး အောင်မြင်မှုတွေ ရနေလို့ပါ" လို့ သူက Libero ကို ပြောခဲ့ပါတယ်။

"ဖီဒီ (ဗယ်လ်ဗာဒီ) ဟာ အရမ်းကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပြီး ကျွန်တော်တို့အသင်းရဲ့ အရေးအကြီးဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူက နေ့တိုင်း၊ ပွဲတိုင်းမှာ တိုးတက်လာနေပါတယ်။"

"ကျွန်တော့်အမြင်အရတော့ သူဟာ ခံစစ်ကွင်းလယ်လူထက်စာရင် တိုက်စစ်ရော ခံစစ်ပါ ကစားနိုင်တဲ့ ကွင်းလယ်လူ (နံပါတ် ၈) ပုံစံမျိုးပါ။ ဂိုးကန်သွင်းနိုင်တဲ့ စွမ်းရည်၊ ကြိုးစားအားထုတ်မှုနဲ့ ကြံ့ခိုင်မှုတွေကြောင့် သူဟာ ကွင်းအနှံ့ ကစားနိုင်တဲ့သူ (box-to-box player) တစ်ယောက် ဖြစ်လာစေပါတယ်။ ဒါဟာ တကယ်ကို မယုံနိုင်စရာပါပဲ။"

"သူက ခံစစ်ကွင်းလယ်လူအဖြစ် မကစားနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး၊ သူက ဘယ်နေရာမှာမဆို ကစားနိုင်သူပါ။ ဒါပေမဲ့ ဖီဒီက တိုက်စစ်ရော ခံစစ်မှာပါ ပါဝင်ကူညီပေးနိုင်တဲ့အခါမှာ အကောင်းဆုံး ခြေစွမ်းထွက်လာတာ ဖြစ်ပါတယ်" လို့လည်း ကတ်စ်မဲရိုးက ဆိုပါတယ်။