The network connection is lost.

Banner Image

ရိုးမားမှာ ခြေစွမ်းပြနေတဲ့ အက်စတွန်ဗီလာ ကြယ်ပွင့်တိုက်စစ်မှူး ဒွန်ယဲလ်မာလန်ကို ယူနိုက်တက် စောင့်ကြည့်နေ

အက်စတွန်ဗီလာ တိုက်စစ်မှူး ဒွန်ယဲလ်မာလန်ဟာ ရိုးမားအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေချိန်အတွင်း ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် သူ့ကို ယူနိုက်တက်အသင်းက စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မာလန်ဟာ ဗီလာအသင်းဆီ ရောက်ရှိလာကတည်းက ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မာလန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရိုးမားအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ပြီးနောက်မှာတော့ ၁၆ ပွဲကစား၊ ၁၂ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့လို့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာသလို အရင်ကထက်လည်း ပိုမိုကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ။

Corriere dello Sport ရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းဟာ မာလန်ကို ယူရို ၂၅ သန်းကနေ ၃၀ သန်းဝန်းကျင်နဲ့ အပြီးသတ် ဝယ်ယူခွင့်ရှိနေပေမဲ့ သူ့ကို ဆက်ထိန်းထားနိုင်ဖို့အတွက်တော့ အခက်အခဲရှိနိုင်ပါတယ်။

အီတလီမှာ မာလန်ရဲ့ အံ့အားသင့်စရာ ခြေစွမ်းတွေကြောင့် ယူနိုက်တက်အသင်းနဲ့အတူ ချယ်လ်ဆီး၊ နယူးကာဆယ်အသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။