The network connection is lost.

Banner Image

လီယမ်ရိုဆင်နီယာရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြသုံးဦးကို စောင့်ကြည့်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးက ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ ရိုဆင်နီယာရဲ့နေရာအတွက် နည်းပြသုံးဦးကို စတင်စိစစ်လေ့လာနေပြီလို့ သတင်းတွေအရ သိရပါတယ်။ 

အသက် ၄၁ နှစ်အရွယ်နည်းပြရိုဆင်နီယာက ပရီးမီးယားလိဂ်ငါးပွဲဆက်ရှုံးနိမ့်မှုနဲ့အတူ အခုလအစောပိုင်းမှာပဲ ချဲလ်ဆီးပဲ့ကိုင်ရှင်ရာထူးကို စွန့်လွှတ်လိုက်ရပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အခြေအနေမကောင်းတော့လို့ ချဲလ်ဆီးအားကစားဒါရိုက်တာတွေက နည်းပြသစ်ရှာဖွေရှာဖွေရာမှာ အချိန်ယူစိစစ်နေတယ်လို့လည်း ဆိုပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ လန်ဒန်အခြေစိုက်ကလပ်အသင်းက အလွန်ဆို၊ မာကိုဆေးလ်ဗားနဲ့ အီရာအိုလာတို့ကို စတင်လေ့လာနေပေမဲ့ ဒါက အတည်ပြုပြီးသား နောက်ဆုံးစာရင်းတော့ မဟုတ်သေးဘူးလို့ သိရပါတယ်။

ပရိသတ်တွေအကြားရေပန်အစားဆုံးဖြစ်နေတဲ့ အလွန်ဆိုကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလ၊ ရီးရဲလ်မက်ဒရစ်အသင်းမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။

အီရာအိုလာက အခုဘောလုံးရာသီကုန်ဆုံးရင် ဘုန်းမောက်မှ ထွက်ခွာမယ်လို့ ကြေညာထားသလို မာကိုဆေးလ်ဗားကလည်း လာမယ့်နွေရာသီကာလ၊ စာချုပ်သက်တမ်းပြည့်မြောက်ချိန် ဖူလ်ဟမ်မှ ထွက်ခွာဖွယ် ထွက်ခွာဖို့ ရှိနေပါတယ်။