The network connection is lost.

Banner Image

လီဗာပူးအသင်းအတွက် အတော်လေးပါးနပ်တဲ့အပြောင်းအရွှေ့အစီအစဉ်တစ်ခု ပြင်ဆင်နေတဲ့ ရစ်ချတ်ဟုဂျ်

လီဗာပူးအသင်းက ဒဏ်ရာကြောင့် အနားယူသွားရတဲ့ ဟူဂိုအီကီတီကီရဲ့နေရာမှာ အစားထိုးဖို့အတွက် ရေတိုဖြေရှင်းချက်တစ်ခုကို ရှာဖွေနေပါတယ်။ အီကီတီကီဆိုတာ အခုဘောလုံးရာသီ၊ လီဗာပူးရဲ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်ပါတယ်။ အီဆက်ခ်လည်း ဒဏ်ရာမှပြန်သက်သာလာလို့ အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်ပြီဆိုပေမဲ့ သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေက အပြည့်အဝယုံကြည်လို့မရသေးဘူးဆိုတာလည်း သိသာနေပါတယ်။

လီဗာပူးက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ဆုဖလားတွေအတွက် ပြန်လည်စိန်ခေါ်ချင်ပေမဲ့ မိုဆာလက်နဲ့ အီကီတီတီတို့ရဲ့အကူအညီသာမပါဘူးဆိုရင် အသင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်မယ်ဆိုတာ အမှန်ပါပဲ။ Football Insider ရဲ့နောက်ဆုံးသတင်းအရ လီဗာပူးက လူအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပေမဲ့ ပရိသတ်တွေ ထင်ထားသလိုမျိုးတော့ မဟုတ်ဘူးလို့ သိရပါတယ်။

"လီဗာပူးက နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေသွားဖို့ရှိပေမဲ့ ငွေအမြောက်အမြား အကုန်အကျခံမှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်တွေက Football Insider ကို ပြောကြားခဲ့ပါတယ်" လို့ ရေးသားထားပါတယ်။ "မာဆေးဆိုဒ်ကလပ်က အငှားနဲ့ခေါ်ယူတာ ဒါမှမဟုတ် ဈေးသက်သာတဲ့ အပြောင်းအရွှေ့မျိုးကိုပဲ စဉ်းစားနေပြီး ရနိုင်သမျှ အပြောင်းအရွှေ့အသုံးစရိတ်အများစုကိုတော့ တခြားနေရာတွေမှာပဲ အသုံးပြုသွားဖို့ ရှိနေပါတယ်" လို့လည်း ဆိုပါတယ်။

ဖနောင့်ကြောပြတ်တောက်ဒဏ်ရာ (Achilles rupture) ကြောင့် ၂၀၂၆ ခုနှစ်အကုန်ပိုင်းအထိ အီကီတီကီ အနားယူရမယ်လို့ အတည်ပြုချက်ထွက်လာပြီးနောက်မှာတော့ အသင်းရဲ့ကစားသမားသစ်စုဆောင်းခေါ်ယူရေးအဖွဲ့က သူတို့ရဲ့ အပြောင်းအရွှေ့ဗျူဟာကို သေချာပြင်ဆင်နေပြီဖြစ်ပါတယ်။