The network connection is lost.

Banner Image

ဒီရာသီမှာ နယူးကာဆယ်ရဲ့ ခြေစွမ်းက လုံလောက်မှုမရှိခဲ့ဘူးလို့ ဂူမာရေးစ် ဝန်ခံ

နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနိုဂူမာရေးစ်က စနေနေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီအသင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒါဟာ နယူးကာဆယ်အသင်းအတွက် ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဂူမာရေးစ်က "အချိန်အတော်ကြာ အနားယူခဲ့ရပြီးမှ အခုလို ပွဲထွက်ကစားခွင့် ပြန်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုပိုင်းက အကောင်းဆုံးအခြေအနေကို မရောက်သေးပေမဲ့ မကြာခင်မှာ ပြန်ရောက်လာမှာပါ။ ဒီနေ့ပွဲမှာ အနိုင်ရချင်စိတ် အပြည့်ရှိခဲ့သလို ကျွန်တော်တို့အသင်းဟာ ဒီထက်ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်တယ်လို့လည်း ယုံကြည်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေက မကောင်းခဲ့ဘူးဆိုတာ သိပါတယ်၊ ဒါဟာ ကျွန်တော်တို့ကို တကယ်ပဲ စိတ်ပျက်စေသလို အရင်ကတည်းက အချိန်မီ ပြုပြင်ပြောင်းလဲသင့်ခဲ့တဲ့ အရာမျိုးလည်း ဖြစ်ပါတယ်။ အခုတော့ ရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ နောက်ထပ် ၄ ပွဲပဲ ကျန်ပါတော့တယ်" လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်အသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။