The network connection is lost.

Banner Image

လိဒ်စ်ကို ခက်ခက်ခဲခဲအနိုင်ယူကာ အက်ဖ်အေဖလားဗိုလ်လုပွဲတက်ရောက်သွားတဲ့ ချဲလ်ဆီး 🔥🔵🏆

ချဲလ်ဆီး ၁ - ၀ လိဒ်စ်ယူနိုက်တက် (ပွဲပြီးရလဒ်)

ချဲလ်ဆီးအသင်းဟာ ဒီနှစ်ရာသီ နှစ်ကျော့စလုံးရှုံးထားတဲ့ လိဒ်စ်ယူနိုက်တက်ကို ဝင်ဘာလေကွင်းမှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ဂိုးနဲ့အနိုင်ယူကာ ဗိုလ်လုပွဲတက်သွားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးက ပထမပိုင်းအတွင်း ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ကစားအားကျသွားတာကြောင့် လိဒ်စ်ရဲ့ဖိအားပေးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂိုးသမား ဆန်းချက်ဇ်ရဲ့လက်စွမ်းပြမှုတွေကြောင့် ချေပဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗိုလ်လုပွဲမှာတော့ မန်စီးတီးနဲ့ ပွဲကြီးပွဲကောင်းကစားရမှာ ဖြစ်ပါတယ်။