The network connection is lost.

Banner Image

ရလဒ်ကောင်းဖို့သာ အာရုံစိုက်ထားကြောင်း ဒီကလန်ရိုက်စ် ပြောဆို

အာဆင်နယ်အသင်းဟာ စနေနေ့က နယူးကာဆယ်ကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင်ရပြီးနောက် ပရီမီယာလိဂ် ဇယားထိပ်ကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး အသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကလည်း သူတို့အသင်းရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ပြီးခဲ့တဲ့အပတ် မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးကတည်းက ကျွန်တော်တို့ ပရီမီယာလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် ကျန်တဲ့ ငါးပွဲလုံးကို အနိုင်ရဖို့ လိုအပ်တယ်လို့ အချင်းချင်း ပြောခဲ့ကြပါတယ်။ အခုတော့ တစ်ပွဲကို အောင်မြင်အောင် ကစားနိုင်ခဲ့ပြီဖြစ်လို့ နောက်ထပ် လေးပွဲပဲ ကျန်ပါတော့တယ်။ ဘယ်လိုပုံစံနဲ့ပဲ နိုင်နိုင် အဓိကကတော့ အနိုင်ရရှိဖို့ပါပဲ" လို့ ဒီကလန်ရိုက်စ်က ဆိုပါတယ်။ အမှတ်ပေးဇယားမှာ ကိုးမှတ်အထိ အသာစီးရခဲ့တဲ့ အာဆင်နယ်ဟာ အခြေအနေတွေ ယိမ်းယိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေက မန်စီးတီးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့သလို မန်စီးတီးကလည်း ဗုဒ္ဓဟူးနေ့မှာ ဘန်လေကို ကပ်နိုင်ခဲ့တာကြောင့် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇယားထိပ်နေရာကို ဖယ်ပေးခဲ့ရတာပါ။ စနေနေ့ပွဲစဉ်မှာတော့ အီဇီရဲ့ ၉ မိနစ်မှာ သွင်းယူခဲ့တဲ့ လှပတဲ့ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပွဲက ခက်ခဲခဲ့ပေမဲ့ အာဆင်နယ်အတွက် အရေးကြီးတဲ့ သုံးမှတ် ရရှိခဲ့ပါတယ်။ မန်စီးတီးက တစ်ပွဲလျော့ ကစားဖို့ ကျန်နေသေးပေမဲ့ အာဆင်နယ်ကတော့ ဇယားထိပ်မှာ ၃ မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂိုးကွာခြားချက်တွေကလည်း ဆင်တူနေတာကြောင့် ဖလားလုပွဲဟာ နောက်ဆုံး ငါးပွဲ အပြိုင်အဆိုင် ဖြစ်လာခဲ့ပြီး အာတီတာရဲ့ အသင်းအနေနဲ့ အိမ်ကွင်းမှာ ဖူဟမ်၊ ဘန်လေ၊ အဝေးကွင်းမှာ ဝက်စ်ဟမ်းနဲ့ ပဲလေ့စ်တို့နဲ့ ကစားရမယ့်ပွဲတွေကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲတွေအားလုံးကို အနိုင်ရခဲ့မယ်ဆိုရင် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီမီယာလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးကောင်း ရရှိသွားမှာပါ။ "ဒါဟာ တကယ့်ကို ရင်ခုန်စရာကောင်းတဲ့ အချိန်တွေဖြစ်ပြီး ကြိုးစားစရာတွေ အများကြီး ရှိပါသေးတယ်" လို့ ဗုဒ္ဓဟူးနေ့မှာ အက်သလက်တီကိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းကို ဦးဆောင်သွားမယ့် ဒီကလန်ရိုက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပွဲအပြီး ၉၇ မိနစ်အထိ ပြင်းပြင်းထန်ထန် ကစားခဲ့ရတာကြောင့် အာဆင်နယ်ကစားသမားတွေဟာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေပေမဲ့ မန်စီးတီးကို ကျော်ဖြတ်ပြီး ဖလားရယူနိုင်ဖို့အတွက် အလျှော့ပေးသွားမှာ မဟုတ်ဘူးလို့ အသင်းခေါင်းဆောင် အိုဒီဂတ်က ကတိပေး ပြောကြားခဲ့ပါတယ်။