The network connection is lost.

Banner Image

ဂျွန်စတုန်းအသင်းကနေထွက်ခွာမယ့်အကြောင်း ကြေညာတော့မယ့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ နောက်ခံလူ ဂျွန်စတုန်းစ် အသင်းကနေ ထွက်ခွာတော့မယ့်အကြောင်း အတည်ပြုချက် ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။

အင်္ဂလန်နောက်ခံလူဟာ လာမယ့် ဇွန်လကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဒီနွေရာသီမှာပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

လာမယ့်အပတ်ထဲမှာ စတုန်းစ် အသင်းကနေ ထွက်ခွာမယ့်အကြောင်း မန်စီးတီးဘက်က ကြေညာသွားမယ်လို့ The Athletic သတင်းဌာနက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ဘာနာဒိုဆေးလ်ဗားအတွက် အလားတူ သတင်းထုတ်ပြန်မှုမျိုးကို မန်စီးတီးက ပြုလုပ်ခဲ့ပါသေးတယ်။

စတုန်းစ်ဟာ ၂၀၁၆ ခုနှစ်မှာ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း မန်စီးတီးအတွက် ပွဲပေါင်း ၂၉၂ ပွဲအထိ ပါဝင်ကစားပေးခဲ့သူပါ။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတုန်းစ်ဟာ မန်စီးတီးကစားသမားဘဝမှာ ပရီမီယာလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ကလပ်ဖလား အပါအဝင် ဆုဖလားပေါင်း ၁၈ လုံးအထိ ဆွတ်ခူးရရှိခဲ့ပါတယ်။