The network connection is lost.

Banner Image

ယူနိုက်တက်သို့ နောက်တစ်ကျော့ပြန်ရောက်ချိန်မှာ အရာအားလုံးက ပြောင်းလဲနေခဲ့ပြီလို့ ပေါ့ဂ်ဘာ ဖွင့်ဟ

 ဂျူဗင်တပ်အသင်းကနေ မန်ယူအသင်းဆီကို စာချုပ်သစ်နဲ့ ပြန်လည်ပြောင်းရွှေ့လာတဲ့အချိန်မှာ အသင်းဟာ အရင်နဲ့မတူတော့ဘဲ ပြောင်းလဲသွားပြီဆိုတာကို ပေါလ်ပေါ့ဘာက ဝန်ခံပြောကြားခဲ့ပါတယ်။

ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်ကနေ မန်ယူအသင်းဆီကို ယူရို သန်း ၁၀၀ နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။

အခုလက်ရှိ AS မိုနာကိုအသင်းမှာ ရောက်ရှိနေတဲ့ ပေါ့ဘာက Rio Ferdinand Presents ပေါ့တ်ကတ်စ်မှာ အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

"ကျွန်တော် ပတ်ထရစ်ကို ပြောခဲ့တယ်၊ အရာအားလုံးက မတူတော့ဘူး၊ အသင်းရဲ့ စွမ်းအင်တွေကလည်း အရင်နဲ့ မတူတော့ဘူးလို့။ ကျွန်တော် အသင်းက ထွက်ခွာသွားတုန်းက အခုလိုမျိုး မဟုတ်ဘူးလို့လည်း ပြောခဲ့တယ်။

အရင်ကဆိုရင် မန်ယူကို ရောက်လာတာနဲ့ မန်ယူရဲ့ ယဉ်ကျေးမှုက ဘယ်လိုလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပေမဲ့ အဲဒီအချိန်မှာတော့ အရင်နဲ့ မတူဘဲ နည်းနည်း ကွဲပြားနေခဲ့တယ်။

အစားအသောက်ကအစ အသင်းထဲက အရာရာတိုင်းက ပြောင်းလဲနေတာကြောင့် နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ အသင်းက အရင်ကျွန်တော် ထွက်သွားတုန်းကလို အသင်းမျိုး မဟုတ်တော့ဘူးလို့ ခံစားနေရတဲ့အတွက် ဒီမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်နေဖြစ်ပါ့မလားတောင် မသိဘူးလို့ ပတ်ထရစ်ကို ပြောခဲ့မိတယ်" လို့ ၎င်းက ဆိုပါတယ်။