The network connection is lost.

Banner Image

ချန်ပီယံဆုအတွက် လက်မလျှော့သေးဘူးလို့ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် ပြောကြား

အာဆင်နယ်အသင်းရဲ့ ခေါင်းဆောင် မာတင် အိုဒီဂတ်က ပြိုင်ဘက် မန်စီးတီးအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အားပြိုင်မှုဟာ အဆုံးမသတ်သေးဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ပက် ဂွါဒီယိုလာရဲ့ အသင်းဟာ အီတီဟတ်ကွင်းမှာ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံဆုအတွက် အသာစီးရသွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဟာ အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားပြီး ရမှတ် ၃ မှတ်သာ ကွာဟပါတော့တယ်။

အာဆင်နယ်ဟာ အခုဆိုရင် ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားတာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးက ဘန်လေကို တစ်ဂိုးထက်ပိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ရင် ဇယားထိပ်ကနေ အဆင့်နှစ်နေရာကို ရောက်သွားနိုင်ပါတယ်။

ပွဲအပြီးမှာ Sky Sports နဲ့ အင်တာဗျူးရာမှာ အိုဒီဂတ်က ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေသေးကြောင်းနဲ့ သူ့အသင်းအနေနဲ့ ချန်ပီယံဆုကို ရယူနိုင်ဆဲဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

"မနိုင်ခဲ့လို့ စိတ်ပျက်မိပါတယ်။ ဒီနေ့ပွဲအတွက် အကောင်းဆုံး ပြင်ဆင်လာခဲ့ပြီး ရလဒ်ကောင်းတစ်ခု ရဖို့လည်း တကယ် မျှော်လင့်ခဲ့တာပါ။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့သလို ဖိအားပေးမှုတွေလည်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။

"အထူးသဖြင့် ဒုတိယပိုင်းမှာ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရခဲ့သလို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အခုလိုပွဲမျိုးမှာ အပြောင်းအလဲ အနည်းငယ်ကပဲ ရလဒ်ကို ဆုံးဖြတ်သွားတာပါ။ ကျွန်တော်တို့ ဂိုးရှေ့မှာ အခွင့်အရေးတွေကို သေချာ အသုံးမချနိုင်ခဲ့တာကြောင့်ပဲ အခုလို ဘာရမှတ်မှ မရဘဲ ပြန်ခဲ့ရတာပါ"

"ဒီလို အဆင့်မြင့်ပြိုင်ပွဲမျိုးမှာ ဘောလုံးကစားရတာဟာ ဒီလိုပါပဲ။ အမြဲတမ်းလည်း ပြင်းထန်ပြီး ခက်ခဲပါတယ်။ အသေးအဖွဲ အားနည်းချက်လေးတွေက အဖြေထွက်သွားတာပါ။ စိတ်ပျက်စရာကောင်းပေမဲ့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အခုကတော့ ရှုံးနိမ့်မှုကနေ ပြန်ရုန်းထနိုင်ဖို့ နောက်ထပ်ပွဲစဉ်တွေကိုပဲ အာရုံစိုက်ရမှာပါ"

"ဖိအားတွေ၊ ဝေဖန်သံတွေကတော့ အမြဲရှိနေမှာပါ။ ဒါဟာ ဒီအဆင့်မှာ ကစားနေတဲ့ ဘောလုံးသမားတစ်ယောက် ရင်ဆိုင်ရမယ့် အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားမယ်၊ အာရုံစိုက်ပြီး နောက်ပွဲတွေကိုပဲ မျှော်လင့်သွားမယ်။ ဒါကို လက်ခံပြီး ကျော်ဖြတ်ရမှာပါ"

အခုထိ ယုံကြည်မှု ရှိနေသေးလားလို့ မေးတဲ့အခါမှာတော့ သူက "သေချာပေါက် ရှိတာပေါ့" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။