အီတီဟတ်မှာ ချန်ပီယံပြေးလမ်းပြိုင်ဘက်အာဆင်နယ်ကို အလဲထိုးခဲ့တဲ့ မန်စီးတီး
မန်စီးတီး ၂-၁ အာဆင်နယ် (ပွဲပြီးရလဒ်)
အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းအတွက် အလွန်အရေးပါတဲ့ပွဲစဉ်ပီပီ အိမ်ရှင်မန်စီးတီးရော၊ ဧည့်သည်အာဆင်နယ်ပါ ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားခဲ့ကြပြီး အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပထမပိုင်းပွဲချိန်အတွင်း ချာကီသွင်းယူခဲ့ပြီးနောက် ၁၀၇ စက္ကန့်အကြာမှာပဲ ကိုင်ဟားဗက်ဇ်က အာဆင်နယ်အတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ဟာလန်းရဲ့အနိုင်ဂိုးသွင်းယူမှုနဲ့အတူ အိမ်ရှင်မန်စီးတီးတို့ အဖိုးတန်အနိုင်သုံးမှတ်အပြည့် ရယူနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပက်ဂွါဒီယိုလာရဲ့အသင်းက အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ကို တစ်ပွဲလျော့၊ သုံးမှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနေပါတယ်။