The network connection is lost.

Banner Image

ပြည်တွင်းသတင်းမီဒီယာတွေဆီ ပြတ်ပြတ်သားသားသတင်းစကားပါးလိုက်တဲ့ ဘုန်းမောက်နည်းပြအီရာအိုလာ

ဒီနေ့ကစားမယ့် အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင် ဘုန်းမောက်နည်းပြအန်ဒိုနီအီရာအိုလာက သတင်းမီဒီယာတွေဆီ ပြတ်ပြတ်သားသားတုံ့ပြန်ပြောကြားခဲ့ပါတယ်။

သတင်းမီဒီယာတွေက လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အီရာအိုလာဆီ လက်ရှိနည်းပြကြီးဗယ်လ်ဗာဒီနဲ့ ရာသီကုန်မှာ လမ်းခွဲတော့မယ့် ဘီလ်ဘာအိုအသင်းနဲ့ အဆက်အသွယ်ရှိ၊ မရှိ မေးမြန်းခဲ့ကြပါတယ်။

အီရာအိုလာက "ပြဿနာက ကျွန်တော်က 'ဟုတ်တယ်' ဒါမှမဟုတ် 'မဟုတ်ဘူး' လို့ ဖြေလိုက်ရင် ခင်ဗျားတို့က တခြားအသင်းတွေအကြောင်း ဆက်မေးကြဦးမယ်၊ အဲဒီအခါ ကျွန်တော်က ထပ်ဖြေရမယ်၊ ခင်ဗျားတို့က နောက်ထပ်တစ်သင်းအကြောင်း ထပ်မေးမယ်၊ ကျွန်တော်ကလည်း ထပ်ဖြေနေရဦးမယ်။ အဲဒါကြောင့်ပါပဲ" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး ဗယ်လီကာနိုနည်းပြဟောင်းက သတင်းထောက်တွေကို အခုလိုပဲ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။

"အဲဒါကြောင့် အခုတစ်ကြိမ်ပဲ ဖြေပါရစေ၊ နောက်ထပ် မမေးပါနဲ့တော့။ အဖြေကတော့ 'မဟုတ်ပါဘူး' ဆိုတာပါပဲ" လို့ အီရာအိုလာက ပြောကြားသွားခဲ့ပါတယ်။