The network connection is lost.

Banner Image

အာဆင်နယ်ပွဲချောင်ပြီး လီဗာပူးနဲ့ ချဲလ်ဆီး ထိပ်တိုက်တွေ့နေတဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်များ

ဗုဒ္ဓဟူးနေ့ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့် မဲခွဲပွဲအပြီးမှာ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနဲ့ ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကတော့ လိဂ်တူးကလပ် ဖလိဝုဒ်ရဲ့ အိမ်ကွင်းဆီ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အခြား ပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ် အသင်းအချင်းချင်း ရင်ဆိုင်ရမယ့် စိတ်ဝင်စားဖွယ် ပွဲစဉ်တွေအဖြစ် အဲဗာတန်နဲ့ နယူးကာဆယ်၊ ဆန်းဒါးလန်းနဲ့ ဘရန့်ဖို့ဒ်တို့ တွေ့နေကြသလို ဘရက်ဒ်ဖို့ဒ်စီးတီးနဲ့ ပီတာဘရော့တို့ကတော့ ထိပ်တန်းလိဂ်အသင်းတွေ အားလုံးကို ရှောင်လွှဲနိုင်ခဲ့ပြီး အချင်းချင်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တတိယအဆင့် ပွဲစဉ်တွေတုန်းက ချဲလ်ဆီးက လိဒ်စ်ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့သလို အာဆင်နယ်ကလည်း အစ်ဆွစ်ကွင်းမှာ ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး လီဗာပူးက တော့တင်ဟမ်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်ကတော့ ဗုဒ္ဓဟူးနေ့မှာ ယူနိုက်တက်ကို ၃-၂ ဂိုးနဲ့ အနိုင်ယူပြီး ပြိုင်ပွဲကနေ  အိမ်ပြန်ပို့ခဲ့ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးကတော့ ကြာသပတေးညမှာ နောဝစ်ချ်ကို အီတီဟတ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။

စတုတ္ထအဆင့် ပွဲစဉ်တွေကိုတော့ အောက်တိုဘာလ ၂၆ ရက်နေ့ကနေ စတင်ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။

ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်များ 

* ဖလိဝုဒ် vs အာဆင်နယ်
* မန်စီးတီး သို့မဟုတ် နောဝစ်ချ် vs ဘရိုက်တန်
* အဲဗာတန် vs  နယူးကာဆယ်
* ဆန်းဒါးလန်း vs ဘရန့်ဖို့ဒ်
* လီဗာပူး vs ချဲလ်ဆီး
* ဘရက်ဒ်ဖို့ဒ်စီးတီး vs ပီတာဘရော့
* ဖူလ်ဟမ် vs ခရစ္စတယ်ပဲလေ့စ်
* ဘုန်းမောက် vs အက်စတွန်ဗီလာ