The network connection is lost.

Banner Image

ဘလက်ဘန်းလူငယ်ကြယ်ပွင့် တွမ်အက်ချက်ဆန်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

ဘလက်ဘန်းအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး တွမ်အက်ချက်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ယူနိုက်တက်လည်း ပါဝင်နေပါတယ်။

အသက် ၁၉ နှစ်အရွယ် အက်ချက်ဆန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ National League North ကလပ် Marine အသင်းမှာ အငှားသွားကစားရာကနေ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ဘလက်ဘန်းအသင်းကြီးအတွက် (၉) ပွဲအထိ ပါဝင်ကစားပေးထားပြီး ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ မတ်လ နိုင်ငံတကာပွဲစဉ်တွေတုန်းက ဝေးလ်အသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ နောက်ဆုံး ၁၀ မိနစ်လောက် လူစားဝင်ကစားပေးခဲ့ပြီး နိုင်ငံတကာပွဲဦးထွက်ကိုလည်း ဆင်နွှဲထားနိုင်သူပါ။

TeamTalk ရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ်အသင်းအတော်များများဟာ ဒီလူငယ်ဗဟိုနောက်ခံလူလေးကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာဖြစ်ပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာတော့ တော့တင်ဟမ်၊ နယူးကာဆယ်၊ ဆန်းဒါးလန်း၊ အဲဗာတန်၊ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန် စတဲ့အသင်းတွေကလည်း သူ့ကို ခေါ်ယူဖို့ မျက်စိကျနေကြတယ်လို့ သိရပါတယ်။