The network connection is lost.

Banner Image

လာလီဂါကလပ်တွေနဲ့ သတင်းထွက်ပေါ်နေချိန် တော့တင်ဟမ်မှာ အဆင်မပြေဘူးလို့ ဝန်ခံလိုက်တဲ့ ရိုမဲရိုး

ပရီးမီးယားလိဂ်တန်းဆင်းဇုန်အန္တရာယ်အကြီးအကျယ်ရင်ဆိုင်နေရတဲ့ တော့တင်ဟမ်အသင်းမှာ သူ့ရဲ့အခြေအနေ သိပ်မကောင်းဘူးလို့ ရိုမဲရိုးက ဝန်ခံပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားနောက်ခံလူက သူ့ရဲ့စိတ်ပျက်လက်ပျက်အားမလိုအားမရဖြစ်မှုတွေကို ဖုံးကွယ်မထားခဲ့သလို အာရုံစိုက်မှု ဆက်လက်ထိန်းသိမ်းပြီး သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရှာဖွေဖို့ လိုအပ်တယ်ကိုလည်း အလေးအနက်ပြောဆိုခဲ့ပါတယ်။

အခုလို သူ့ရဲ့စိုးရိမ်ပူပန်မှုတွေ ရှိနေပေမဲ့လည်း ရိုမဲရိုးကတော့ အထူးသဖြင့် ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရမယ့်အရေးကြီးပွဲစဉ်နီးကပ်လာချိန် မြောက်လန်ဒန်ကလပ်အသင်း တန်းမဆင်းရအောင် ကူညီပေးဖို့ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

"အမှန်အတိုင်းပြောရရင် အဲဒီမှာ ကျွန်တော့်အတွက် အခြေအနေသိပ်မကောင်းလှပါဘူး။ ဒါပေမဲ့ အရာအားလုံးထက် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ပြင်ဆင်ရပါမယ်၊ အခုအချိန်မှာတော့ ကလပ်အသင်းအပေါ်မှာပဲ အာရုံစိုက်ရပါလိမ့်မယ်" လို့ သူက Ole သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

"တော့တင်ဟမ်အတွက်ပဲ အပြည့်အဝစိတ်သွင်းထားဖို့ လိုအပ်ပါတယ်၊ လက်ရှိ ကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့အခြေအနေမှရုန်းထွက်နိုင်ဖို့ ကြိုးစားသွားရဖို့ ရှိသလို အရင်လိုပဲ လေ့ကျင့်ရေးအစီအစဉ်တိုင်း၊ ပွဲတိုင်းမှာ အစွမ်းကုန်ကြိုးစားသွားပြီး ရှေ့ဆက်နိုင်အောင် လုပ်ဆောင်သွားရပါမယ်" လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။