The network connection is lost.

Banner Image

မိုဆာလက်ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ ဝက်စ်ဟမ်းလူငယ်ကစားသမားတစ်ဦးကို အံ့အားသင့်ဖွယ် အကြုံပြုလိုက်တဲ့ စတီဗင်ဂျရတ်

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်က မိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အားလုံးအံ့အားသင့်သွားစေမယ့် ကစားသမားတစ်ဦးကို အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

မိုဆာလက်က အန်ဖီးလ်မှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် လာမယ့်နွေရာသီကာလအတွင်း လီဗာပူးအသင်းကို စွန့်ခွာသွားပါတော့မယ်။

အီဂျစ်ကြယ်ပွင့်နေရာအတွက် အစားထိုးမယ့်သူနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဂျရတ်က ဝက်စ်ဟမ်းတောင်ပံကစားသမား ဆမ်းမားဗီလီကို အကြံပြုခဲ့ပါတယ်။

၎င်းက TNT သတင်းဌာနနဲ့တွေ့ဆုံချိန် ဂျရတ်က "ကျွန်တော် ဆမ်မားဗီလီကို သဘောကျပါတယ်။ သူက တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ တကယ်ကို ထူးချွန်လွန်းပါတယ်။

သူက ဘောလုံးကစားချင်စိတ် အရမ်းထက်သန်သလို တန်းဆင်းဇုန်အန္တရာယ်နဲ့ ရုန်းကန်နေရတဲ့အသင်းမှာလည်း အားကိုးရတဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ရာသီကုန်ခါနီးလေလေ သူ့ရဲ့ခြေစွမ်း ပိုပြီးတက်လာလေလေပါပဲ။ ဘိုဝင်ကလည်း ကစားသမားကောင်းတစ်ဦးလို့ ကျွန်တော်ထင်ပေမဲ့ မိုဆာလက်ရဲ့နေရာကို အစားထိုးနိုင်လောက်တဲ့ အဆင့်အတန်းမျိုး ရှိမနေသေးဘူးလို့ ယူဆမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "မိုဆာလက်ရဲ့နေရာကို သိက္ခာရှိရှိဆက်ခံနိုင်ဖို့ဆိုရင် အဲဒီတောင်ပံကစားသမားက ကမ္ဘာ့အကောင်းဆုံး သုံးဦး ဒါမှမဟုတ် လေးဦးစာရင်းမှာ ပါဝင်နိုင်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက လီဗာပူးမှာ မိုဆာလက်ရောက်ရှိခဲ့တဲ့ အဆင့်အတန်းမျိုး ဖြစ်နေလို့ပါပဲ" လို့ ဂျရတ်က ဆိုပါတယ်။