ဘရိုက်တန်နည်းပြဟာဇလာကိုခေါ်ယူဖို့ လေဗာကူဆင် စိတ်ဝင်စားနေ
ဘရိုက်တန်အသင်းနည်းပြဟာဇလာကို ခေါ်ယူဖို့အတွက် လေဗာကူဆင်အသင်း စိတ်ဝင်စားနေပါတယ်။
လေဗာကူဆင်အသင်းရဲ့လက်ရှိနည်းပြဖြစ်သူဟူဂျ်မန်းက အခုဘောလုံးရာသီအစောပိုင်းမှာ ၂၀၂၇ ခုနှစ်အထိရှိမယ့် စာချုပ်သက်တမ်းဖြင့် ခန့်အပ်ခံခဲ့ရပါတယ်။
လက်ရှိမှာ လေဗာကူဆင်အသင်းက ဘွန်ဒက်လီဂါအမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာမှာ ရောက်ရှိနေပြီး အဆင့် (၄) နေရာရှိပြိုင်ဘက်နဲ့ လေးမှတ် ကွာဟနေပါတယ်။
Sky Deutschland ရဲ့ဖော်ပြချက်အရ ဟူးလ်မန်းက ဖိအားတွေအောက်ရောက်ရှိနေပြီး အခုဘောလုံးရာသီကုန်ဆုံးချိန်၊ လက်ရှိရာထူးကို စွန့်လွှတ်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် လေဗာကူဆင်အသင်းက အသက် ၃၃ နှစ်အရွယ်ဂျာမန်လူမျိုးနည်းပြ ဟာဇလာကို ဟူဂျ်မန်းရဲ့နေရာမှာ အစားထိုးဖို့အတွက် အနီးကပ်စောင့်ကြည့်နေပါတယ်။
အကယ်၍ လေဗာကူဆင်က ဟူဂျ်မန်းကို ရာထူးမှအနားပေးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဟာဇလာက သူတို့အလိုချင်ဆုံးနည်းပြသစ်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပါလိမ့်မယ်။