ကက်ဆီးရဲ့ အေးဂျင့်တွေဘက်က ဆက်သွယ်လာမှုကို အင်တာမီလန်အသင်း ကြိုဆို
အယ်လ်အာလီအသင်းရဲ့ ကွင်းလယ်လူ ဖရန့်ကက်ဆီးဟာ အီတလီမြေကို ပြန်လာချင်နေပါတယ်။
အေစီမီလန် ကွင်းလယ်လူဟောင်းဖြစ်တဲ့ သူက အခုလာမယ့် နွေရာသီမှာ စီးရီးအေကလပ်အသင်းတစ်သင်း ရှာဖွေပေးဖို့ သူ့ရဲ့အေးဂျင့်တွေကို ညွှန်ကြားထားပါတယ်။
Tuttosport ရဲ့ ဖော်ပြချက်အရ ကက်ဆီးကို အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေဆီ ကမ်းလှမ်းထားပြီး အိုင်ဗရီကို့စ် လက်ရွေးစင်ကစားသမားဖြစ်တဲ့ သူက တစ်နှစ်ကို လုပ်ခလစာ ယူရို ၅ သန်းရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
အင်တာမီလန် အကြီးအကဲ ပီယာရို အော်ဆီလီယိုကလည်း ဒီအပြောင်းအရွှေ့ကို စိတ်ဝင်စားနေပြီး ကက်ဆီးရဲ့ နာမည်ကို သူတို့အလိုရှိတဲ့ ကွင်းလယ်ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
အင်တာမီလန်နဲ့ တခြား စီးရီးအေကလပ်တွေအတွက် ဒီအပြောင်းအရွှေ့က ပိုပြီး စိတ်ဝင်စားစရာကောင်းနေတဲ့ အချက်ကတော့ လာမယ့် ဇွန်လကုန်မှာ ကက်ဆီးက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ပါပဲ။