ကွင်းလယ်ပိုင်းပြုပြင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ချဲလ်ဆီးရဲ့အန်ဒရေးဆန်းတို့စ်ကို စိတ်ဝင်စားနေတဲ့ အင်တာမီလန်
အင်တာမီလန်က လာမယ့်နွေရာသီကွင်းလယ်ပိုင်းပြုပြင်မှုကြီးတစ်ခုပြုလုပ်ရန် စီစဉ်နေချိန် ချယ်လ်ဆီးလူငယ်ကစားသမားအန်ဒရေဆန်းတို့စ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အင်တာမီလန်က ဝါရင့်ကစားသမားနှစ်ဦးဖြစ်တဲ့ ကယ်လ်ဟာနိုဂလူနဲ့ မီခီတာရန်တို့ကို အခုနွေရာသီမှာ လက်လွှတ်ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။
အီတလီသတင်းရပ်ကွက်တွေရဲ့အဆိုအရ စီးရီးအေမှတ်ပေးဇယားဦးဆောင်သူတွေက ပြုပြင်ပြောင်းလဲမှုတစိတ်တပို်ငးအဖြစ် အသက်-၂၁ နှစ်အရွယ် ချဲလ်ဆီးလူငယ်ကစားသမား အန်ဒရေဆန်းတို့စ်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဒီနေရာမှာ အင်တာမီလန်က ဆန်းတို့စ်တစ်ဦးတည်းကိုသာ စောင့်ကြည့်နေခြင်းမဟုတ်ဘဲ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ့် ဂေါ်ရက်ဇ်ကာကိုလည်း စိတ်ဝင်စားနေပါတယ်။
ရိုးမားရဲ့ကိုနေးနဲ့လည်း ချိတ်ဆက်နေပေမယ့် ယူရိုသန်း ၄၀ အထိ ပြောင်းရွှေ့ကြေးတောင်းဆိုထားလို့ အပြောင်းအရွှေ့ဖြစ်လာဖို့ အလှမ်းဝေးလွန်းတယ်လို့ ယူဆရပါတယ်။