The network connection is lost.

Banner Image

နည်းပြ နီကိုလာကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ခရီမိုနိစ်

ခရီမိုနိစ်ဟာ သူတို့ရဲ့ နည်းပြဖြစ်သူ ဒါဗိုက်ဒီ နီကိုလာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လက်ရှိ စီးရီးအေ အမှတ်ပေးဇယားရဲ့ အောက်ခြေကနေ ရေတွက်ရင် တတိယမြောက်နေရာမှာ ရောက်ရှိနေပြီး တန်းဆင်းဇုန်လွတ်ဖို့ ၃ မှတ်အကွာကို ရောက်နေတာကြောင့် ခရီမိုနိစ်အသင်းဘက်က အခုလိုမျိုး အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ "ခရီမိုနိစ်အသင်းဟာ ပထမအသင်း နည်းပြတာဝန်ကနေ ဒါဗိုက်ဒီ နီကိုလာကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် "ခရီမိုနိစ်အသင်းဆီ ရောက်ရှိလာချိန်ကစပြီး နည်းပြနဲ့ သူ့ရဲ့ အဖွဲ့သားတွေက နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ပြသခဲ့တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အားထုတ်ကြိုးပမ်းမှုနဲ့ စိတ်အားထက်သန်မှုတွေအတွက်လည်း ကျေးဇူးတင်ရှိပါတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ခရီမိုနိစ်အသင်းဟာ နီကိုလာရဲ့ နေရာမှာ အစားထိုးဖို့အတွက် အေစီမီလန် နည်းပြဟောင်း မာကို ဂျီယမ်ပါလိုနဲ့ ဆွေးနွေးမှုတွေ အဆင့်မြင့်တဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။