The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ ပွဲမတိုင်ခင် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့်တွေအကြောင်း ပြောလာတဲ့ ကူဘာဆီ

ဘာစီလိုနာ နောက်ခံလူ ပေါကူဘာဆီက အသင်းမှာ လူငယ်ကစားသမားတွေ များနေတာဟာ ဒီရာသီမှာ သူတို့အတွက် အကူအညီဖြစ်စေတယ်လို့ ပြောပါတယ်။

ဒီညမှာ ကစားမယ့် နယူးကာဆယ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်ခင်မှာ ကျူဘာစီက ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်လေးတွေအကြောင်းကို ပြောကြားခဲ့တာပါ။

"ကျွန်တော်တို့တွေက အရမ်းငယ်ပါသေးတယ်၊ ဒါပေမဲ့ လူငယ်အသင်းမှာ ရှိခဲ့တဲ့ နှစ်တွေတုန်းကလိုပဲ အခုလည်း ဒီအသင်းအတွက် အစွမ်းကုန် ပေးဆပ်ချင်တဲ့ စိတ်တွေ အပြည့်ရှိနေပါတယ်။ အသက်ငယ်တဲ့အချိန်မှာ ပွဲကြီးပွဲကောင်းတွေ ကစားရတဲ့ အတွေ့အကြုံတွေကို စတင်ရရှိလာတာပါ။ အသက်အရွယ်က ဘယ်လောက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ကူဘာဆီက "ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ရမှာပါ။ တိုက်စစ်မှူးကိုပဲ အာရုံစိုက်နေဖို့က ပြဿနာမဟုတ်ပါဘူး၊ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပါတယ်" လို့ ပြောပါတယ်။

ဂျရတ်မာတင်၊ ဇာဗီအက်စပတ်နဲ့ အယ်လ်ဗာရို ကော်တက်စ်တို့အကြောင်းကိုလည်း ကူဘာဆီက "ဂျရတ်ကတော့ ဒီရာသီမှာ တကယ်ကို အံ့ဩစရာကောင်းအောင် ကစားနေတာပါ။ သူက ဗဟိုနောက်ခံလူနေရာမှာ ကစားရတာ အဆင်ပြေနေသလို ကျွန်တော်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကူညီပေးကြပါတယ်။ ဒါပေမဲ့ အသင်းမှာရှိတဲ့ ဗဟိုနောက်ခံလူအားလုံးကတော့ အကောင်းဆုံး ကစားနိုင်ကြတဲ့သူတွေချည်းပါပဲ" လို့ ဆိုပါတယ်။

"သူတို့ကို အေးအေးဆေးဆေးပဲ နေဖို့ ပြောထားပါတယ်။ ကျွန်တော်တို့က ဘောလုံးကစားဖို့ ရောက်နေတာဖြစ်လို့ ဘေးပတ်ဝန်းကျင်က ကြားနေရတဲ့ စကားတွေကို အာရုံမစိုက်ဖို့ ပြောဖြစ်ပါတယ်။ အက်စပတ်ကတော့ အခွင့်အရေးရတုန်းက ရာနှုန်းပြည့် အစွမ်းပြခဲ့ပြီးပါပြီ။ ကော်တက်စ်ကလည်း ကွင်းထဲဝင်လာတဲ့အခါ အလားတူပဲ လုပ်ပြနိုင်မှာပါ" လို့ သူက ပြောကြားခဲ့ပါတယ်။