The network connection is lost.

Banner Image

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့တဲ့ ကိုလုံးရဲ့ လူငယ်ကြယ်ပွင့် ဆာအိဒ် အယ် မာလာ

ကိုလုံးအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ဆာအိဒ် အယ် မာလာ ဟာ နွေရာသီ အပြောင်းအရွှေ့ကာလမတိုင်ခင်မှာ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

ဘရိုက်တန်အသင်းဟာ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားလေးကို တစ်ရာသီလုံး စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ယူရို သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။

BILD သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် မာလာရဲ့ ကိုယ်စားလှယ်တွေအဖြစ် ဆောင်ရွက်နေတဲ့ သူ့ရဲ့ မိဘတွေက ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူ ခွင့်ပြုချက် ပေးလိုက်ပြီလို့ သိရပါတယ်။

ဒါ့အပြင် နည်းပြ ဖေဘီယန် ဟာဇယ်လာရဲ့ ဘရိုက်တန်အသင်းဟာ အဆိုပါ တောင်ပံကစားသမားလေးအတွက် သူတို့ရဲ့ ကမ်းလှမ်းမှုကို သိသိသာသာ တိုးမြှင့်ပေးဖို့ အသင့်ရှိနေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

အက်ဖ်စီကိုလုံးအသင်းဘက်ကတော့ ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၃၅ သန်းအပြင် ရရှိနိုင်မယ့် အပိုဆုကြေးတွေကိုပါ လိုချင်နေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်လည်း အခုပြောင်းရွှေ့မှုမှာ လစာငွေ အများအပြား တိုးတက်ရရှိဖို့ ရှိနေပါတယ်။