The network connection is lost.

Banner Image

လီဗာပူးအသင်းအတွင်းစည်းမှာ အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီလို့ ဆိုဘိုဆလိုင်း ဝန်ခံ

တော့တင်ဟမ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းပွဲစဉ်အပြီး ကစာသမားတွေအကြား အရေးကြီးဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ လီဗာပူးကြယ်ပွင့်ဆိုဘိုဆလိုင်းက ဝန်ခံပြောကြားခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်သွင်းဂိုးဖြင့် လီဗာပူးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်မိနစ်မှာ ရစ်ချာလီဆန်က ဧည့်သည်တွေအတွက် ချေပဂိုးသွင်းယူခဲ့လို့ ပြိုင်ဘက်ကလပ်အသင်းနှစ်ခုလုံး သရေတစ်မှတ်စီနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ဆိုဘိုဆလိုင်းက “ဟုတ်ပါတယ်၊ ဒါ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ ရလဒ်ဖြစ်ပါတယ်။ အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ ဘာတွေဖြစ်သွားတာလဲဆိုတာ ရိုးရိုးသားသားပြောရရင် ကျွန်တော်လည်း မသိပါဘူး၊ ဘာမှတောင် ပြောစရာမရှိတော့ပါဘူး။”

“အခုလည်း နောက်ဆုံးမိနစ်မှာ ထပ်ဖြစ်ပြန်ပြီ။ ဒီရာသီမှာ အခုလိုမျိုး ဘယ်နှစ်ကြိမ်တောင် ဖြစ်သွားပြီလဲဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး။ တကယ်ပါ၊ ဘာပြောရမှန်းကို မသိတော့တာပါ။ ကျွန်တော်တို့ နိုးကြားဖို့ လိုနေပါပြီ”လို့ ပြောပါတယ်။

၎င်းက ဆက်လက်ပြီး “ကျွန်တော့်အမြင်အရတော့ ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ တစ်ပွဲလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သလို သူတို့အတွက် ဂိုးသွင်းခွင့် သိပ်မရခဲ့ပါဘူး။ ခေါင်းတိုက်ချက် တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ရှိခဲ့တာပါ။”

“ပထမပိုင်းမှာတော့ အခြေအနေအားလုံး ကျွန်တော်တို့ လက်ထဲမှာပဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း၊ ကွင်းထဲပြန်ဆင်းလာတဲ့အခါ ဘာဖြစ်သွားလဲဆိုတာ မသိတော့ဘဲ ပထမပိုင်းလိုမျိုး မစွမ်းဆောင်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတာ မေးခွန်းထုတ်ချင်စရာ ကောင်းပါတယ်။”

“ဒါကြောင့် ကျွန်တော်တို့အားလုံးစုပေါင်းပြီး ဒီကိစ္စကို ထိုင်ဆွေးနွေးကြပါမယ်။ ဒါ အခက်ခဲဆုံးအချိန်ဖြစ်ပေမဲ့ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးရှိနေဖို့ လိုပါတယ်” ဟု ပြောကြားခဲ့ပါတယ်။