The network connection is lost.

Banner Image

နူအာ၊ အာဘစ်နဲ့ အူရိုက်ချ်တို့ ဒဏ်ရာရရှိပြီးနောက် ဂိုးသမားပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဘိုင်ယန်မြူးနစ်

တတိယဦးစားပေးဂိုးသမား စဗန်အူရိုက်ချ်ဟာ နူအာနဲ့ အာဘစ်တို့လိုပဲ တတိယဦးစားပေးဂိုးသမားအူရိုက်ချ်ပါ ဒဏ်ရာရကစားသမားစာရင်းမှာ ပါဝင်သွားလို့ လတ်တလော၊ အသင်းဂိုးပေါက်အတွက် တာဝန်ယူပေးနိုင်မယ့်သူ မရှိတော့ဘူးလို့ ဘိုင်ယန်မြူးနစ်အသင်းက တနင်္ဂနွေနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ်အူရိုက်ချ်က စနေ့နေ့၊ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ လေဗာကူဆင်နဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ပေါင်ခြံကြွက်သားဒဏ်ရာ ရရှိခဲ့တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
လတ်တလောမှာ ဒဏ်ရာကြောင့် ပွဲထွက်ဂိုးသမားနူအာ အနားယူနေရချိန် ပြီးခဲ့တဲ့ကြားရက်၊ အတ္တလန္တာကို အနို်ငရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အရန်ဂိုးသမားအာဘစ်လည်း ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကာလအတွက် အူရိုက်ချ်ကို အလှည့်ပေးလာခဲ့ပါတယ်။ အာဘစ်က ဦးခေါင်းထိခိုက်ဒဏ်ရာ (concussion) ရရှိခဲ့တာကြောင့် အူရိုက်ချ်ကို ပွဲထုတ်ခဲ့ရတာ ဖြစ်ပါတယ်။
လူငယ်ကစားသမားလေးပရက်စကော့ကတော့ အီတလီမြေ၊ ချန်ပီယံလိဂ်ပွဲစဉ်လိုပဲ စနေနေ့ပွဲစဉ်မှာလည်း အသင်းအရန်ခုံတန်းမှာ ရှိနေခဲ့ပါတယ်။ ပထမအကျော့မှာ ၆-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားတဲ့ ဘိုင်ယန်မြူးနစ်အတွက် အသက်-၁၆ နှစ်အရွယ်ဂိုးသမားက ဗုဒ္ဓဟူးနေ့၊ အတ္တလန္တာနဲ့ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ကစားသွားနိုင်ပါတယ်။ ဒီအတိုင်းမဖြစ်လာဘူးဆိုရင်တော့ အရန်အသင်းမှာရှိတဲ့ ဂိုးသမားတွေကိုပဲ အသုံးပြုသွားရပါလိမ့်မယ်။

နူအာက ကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာဖို့ ကြိုးစားနေပေမဲ့ ဗုဒ္ဓဟူးနေ့၊ မြူးနစ်မြို့ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ အာဘစ်ကတော့ လာမယ့်သီတင်းပတ်မှာ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။