The network connection is lost.

Banner Image

ယူနိုက်တက်အနေနဲ့ မိုက်ကယ်ကာရစ်ကိုသာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်တယ်လို့ နီဗင် အကြံပြု

ချဲလ်ဆီးနဲ့ အဲဗာတန် ကစားသမားဟောင်း ပက်နီဗင်က ယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ် အနေနဲ့ အမြဲတမ်းနည်းပြ ဖြစ်လာနိုင်ခြေရှိမရှိအပေါ် သူ့ရဲ့ အမြင်ကို ပြောပြလာပါတယ်။

မိုက်ကယ်ကာရစ်ဟာ ဇန်နဝါရီလတုန်းက ရူဘင်အမော်ရင်ရဲ့ နေရာမှာ ယူနိုက်တက် ယာယီနည်းပြအဖြစ် စတင် တာဝန်ယူခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ အသင်းကို အမှတ်ပေးဇယား အထက်ပိုင်းရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သလို အဆင့် (၄) အတွင်း ဝင်အောင်လည်း စွမ်းဆောင်ပေးထားပါတယ်။

ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ကို ၈ ပွဲ ကိုင်တွယ်ထားရာမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ထွက်ပေါ်အောင် လုပ်ဆောင်ပေးထားပါတယ်။ အခုလို ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် သူ့ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တော့မယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

talkSPORT BET Casino နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နီဗင်က မိုက်ကယ်ကာရစ်အနေနဲ့ အမှားအယွင်းမရှိဘူးဆိုရင် အခုကတည်းက သူ့ကို အလုပ်ခန့်ထားသင့်တယ်လို့ ယုံကြည်နေပါတယ်။

"ယူနိုက်တက်က မိုက်ကယ်ကာရစ်ကို လက်လွှတ်လိုက်မယ်ဆိုတာမျိုး ကျွန်တော် လုံးဝ မမြင်မိဘူး။ အခုလက်ရှိ အခြေအနေအရဆိုရင် တကယ့်ကို ထိတ်လန့်စရာကောင်းလောက်တဲ့ အပြောင်းအလဲမျိုး ဖြစ်မှသာ သူ အထုတ်ခံရမှာပါ။ ဆိုလိုတာက ဘရူနို ဖာနန်ဒက်စ်သာ ဒဏ်ရာရသွားရင် ဒါမှမဟုတ် အသင်းက မျှော်လင့်ထားတာထက် ပိုကောင်းနေတာမျိုးဆိုရင်တော့ ပွဲအများကြီး ရှုံးသွားနိုင်တာမျိုးတော့ ရှိတာပေါ့။ ကျွန်တော်သာဆိုရင် ဘာလုပ်မလဲဆိုတာ အတိအကျ ပြောပြပါမယ်။ သူတို့ကို တိုးတိုးတိတ်တိတ်ပဲ 'ကြည့်စမ်း၊ ရာသီကုန်အဖြစ် အခုအတိုင်းသာ ဆက်လုပ်သွား။ အမှားအယွင်း တစ်စုံတစ်ရာ မရှိဘူးဆိုရင် ဒီအလုပ်က မင်းအတွက်ပဲ။ အဲဒီတော့ အခုအတိုင်းပဲ ဆက်သွားပါ' လို့ ပြောလိုက်မှာပါ"

"ဒါဆိုရင် အသင်းအတွက်လည်း အခွင့်အရေးတစ်ခု ရသွားသလို ဘယ်နည်းပြတွေ ရနိုင်မလဲဆိုတာလည်း သိပြီးသား ဖြစ်သွားတာပေါ့။ အပြင်မှာ နည်းပြကောင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ မိုက်ကယ်ကာရစ်က အသင်းနဲ့ အကိုက်ညီဆုံး ဖြစ်နေတယ် မဟုတ်လား" လို့ နီဗင်က ဆိုပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေပါတယ်။ ဒါဟာ နည်းပြ အမော်ရင် လက်ထက်မှာတော့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့တဲ့ အခြေအနေမျိုးပါ။

မိုက်ကယ်ကာရစ်ဟာ အမြဲတမ်းနည်းပြ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေသလို အခုလာမယ့် စနေ၊ တနင်္ဂနွေမှာလည်း အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီပွဲမှာသာ အနိုင်ရခဲ့ရင်တော့ အဆင့် ၄ အတွင်း ဝင်နိုင်ဖို့က ပိုပြီးတော့ သေချာသွားမှာ ဖြစ်ပါတယ်။