The network connection is lost.

Banner Image

ယူနိုက်တက်အငှားကစားသမား ဟွိုက်လန်းနဲ့ ပတ်သက်ပြီး နာပိုလီရဲ့ အစီအစဉ်ကို မန်နာ အတိအလင်း ပြောကြား

မန်ချက်စတာယူနိုက်တက်ဆီကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ရပ်စမတ်စ် ဟွိုက်လန်းအနေနဲ့ အသင်းဆီ ပြန်သွားမှာ မဟုတ်ဘူးလို့ နာပိုလီ အားကစားဒါရိုက်တာ ဂျီယိုဗာနီ မန်နာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းကနေ နာပိုလီဆီ အငှားစာချုပ်နဲ့ လာရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အငှားစာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူခွင့် အပိုဒ်ခွဲလည်း ပါဝင်ပြီး သတ်မှတ်ထားတဲ့ အချက်အလက်တချို့နဲ့ ကိုက်ညီမယ်ဆိုရင် အပြီးသတ်ဝယ်ယူရမယ့် သဘောတူညီချက် ဖြစ်လာမှာပါ။

မန်နာကတော့ ရာသီကုန်တဲ့အခါမှာ ဟွိုက်လန်းကို အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

"ဒါက သံသယဖြစ်နေစရာ မလိုပါဘူး၊ ရပ်စမတ်စ် ဟွိုက်လန်းက ဒီမှာပဲ ဆက်ရှိနေမှာပါ။ တကယ်လို့ နာပိုလီက ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ရင် သူ့ကို မန်ချက်စတာယူနိုက်တက်ဆီကနေ အပြီးသတ်ဝယ်ယူရမယ့် တာဝန်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချက်နဲ့ မဆိုင်ဘဲ သူဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ ပါဝင်နေပြီးသားပါ" လို့ မန်နာက ဆိုပါတယ်။

အခုလာမယ့် နွေရာသီမှာ ဟွိုက်လန်းကို အပြီးသတ်ခေါ်ယူဖို့အတွက် နာပိုလီအနေနဲ့ ယူရို ၄၄ သန်းလောက် အသုံးပြုရမယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။