The network connection is lost.

Banner Image

အေစီမီလန်နည်းပြအယ်လီဂရီကိုခေါ်ယူဖို့ နောက်တစ်ကြိမ် ကြိုးပမ်းနေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်က အေစီမီလန်ပဲ့ကိုင်ရှင်အယ်လီဂရီကို ခေါ်ယူနိုင်ဖို့အတွက် နောက်တစ်ကြိမ်ထပ်မံကြိုးပမ်းကြည့်ဖို့ ပြင်ဆင်နေပါတယ်။

အီတလီသတင်းစာ Il Corriere dello Sport ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က အယ်လီဂရီကို လက်ရှိနည်းပြအာဘီလိုအာရဲ့နေရာမှာ အစားထိုးဖို့ လျာထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ အသင်းဘုတ်အဖွဲ့ဝင်တွေက အာဘီလိုအာအပေါ် ယုံကြည်မှုနဲ့ထောက်ခံမှုတွေ လျော့နည်းလာနေပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့၊ ဂီတာဖေးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ခါးသီးပြိုင်ဘက်ဘာစီလိုနာနဲ့ လေးမှတ်အထိ ကွာဟသွားပါတယ်။

လက်ရှိမှာတော့ အယ်လီဂရီကိုခေါ်ယူဖို့ကိစ္စကို ရီးရဲလ်မက်ဒရစ်ဒါရိုက်တာတွေအကြား ဆွေးနွေးနေကြသလို အယ်လီဂရီနဲ့ မီလန်တို့ရဲ့စာချုပ်က ၂၀၂၇ ခုနှစ်၊ ဇွန်လအထိပဲ သက်တမ်းကျန်ရှိပါတယ်။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်ကိုယ်တိုင်လည်း အီတာလျံလူမျိုးနည်းပြကို ကာလရှည်ပစ်မှတ်ထားစိတ်ဝင်စားနေခဲ့ပါတယ်။

ဒါပေမဲ့ အယ်လီဂရီကတော့ "အေစီမီလန်နဲ့ ကျွန်တော့်အကြား နားလည်မှုတွေအပြည့်အဝရှိနေပါတယ်။ ကျွန်တော်တို့ အမြင်ချင်းတူညီကြသလို လက်တွဲပြီးလည်း အလုပ်လုပ်နေပါတယ်။ ကလပ်အသင်းကလည်း အေစီမီလန်ရဲ့အနာဂတ်အတွက် စီမံကိန်းတွေ ချမှတ်နေပါတယ်။ ဒီမှာရှိနေရတာ ကျွန်တော်ပျော်ပါတယ်" လို့ မကြာသေးခင်ကပဲ ပြောကြားခဲ့ပါတယ်။

အယ်လီဂရီရဲ့အခုလိုပြောဆိုချက်ရှိထားပေမဲ့ ရီးရဲလ်မက်ဒရစ်ဘက်ကတော့ လာမယ့်နွေရာသီမှာ သူ့ကို အသင်းဆီ ဆွဲဆောင်ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။