The network connection is lost.

Banner Image

လီဗာပူးပစ်မှတ်အိုလီစီနဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်ရဲ့ရပ်တည်ချက် ထွက်ပေါ်လာ

ဘိုင်ယန်မြူးနစ်အသင်းက ပြင်သစ်လက်ရွေးစင်ကစားသမားကို ပြောင်းရွှေ့ကြေးဘယ်လောက်ပဲရရ ရောင်းချဖို့အစီအစဉ်လုံးဝမရှိဘူးလို့ သိရပါတယ်။

မတ် ၂ ရက်၊ တနင်္လာနေ့မှာ Sky Germany က ဘိုင်ယန်မြူးနစ်ကစားသမားအိုလီစီကို လီဗာပူးအသင်း အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

မာဆေးဆိုဒ်အသင်းကြီးဖြစ်တဲ့လီဗာပူးက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ခရစ္စတယ်ပဲလေ့စ်မှ ဂျာမန်မြေဆီ ရောက်ရှိလာတဲ့ ပြင်သစ်တောင်ပံကစားသမားကို အခုမှ စတင်စိတ်ဝင်စားလာတာမျိုး မဟုတ်ပါဘူး။

Sport BILD ရဲ့သတင်းရင်းမြစ်တွေအရ ဘိုင်ယန်မြူးနစ်က အသက် ၂၄ နှစ်အရွယ်ကစားသမားနဲ့ပတ်သက်ပြီး သူတို့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြားလိုက်တယ်လို့ သိရပါတယ်။

လက်ရှိမှာနှစ်ဖက်အကြားစာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မရှိသေးပေမဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေတဲ့အိုလီစီရဲ့စာချုပ်ကို ထပ်မံသက်တမ်းတိုးသွားဖို့ ဘိုင်ယန်မြူးနစ်အသင်း အပြည့်အဝဆန္ဒရှိနေပါတယ်။

ဒါကြောင့် ကလပ်အသင်းရဲ့ ရပ်တည်ချက်ကတော့ ဒီကွင်းလယ်ကြယ်ပွင့်ကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ဈေးကောင်းပေးပေး ရောင်းချသွားဖို့ မဖြစ်နိုင်ပါဘူး။

ဘိုင်ယန်မြူးနစ်ရဲ့အစီအစဉ်ကတော့ သင့်တော်တဲ့အချိန်မှာ သူ့အတွက် ပိုမိုကောင်းမွန်တဲ့ကာလရှည်စာချုပ်တစ်ခု ကမ်းလှမ်းဖို့ဖြစ်ပြီး ကစားသမားကိုယ်တိုင်လည်း အသင်းမှာ ပျော်ရွှင်နေသလို အချိန်စောင့်ဆိုင်းပေးဖို့လည်း အဆင်သင့်ရှိနေပါတယ်။

ဂျာမနီချန်ပီယံတွေက လတ်တလောမှာ လိုင်မာလိုမျိုး အရေးတကြီးစာချုပ်သက်တမ်းတိုးဖို့ လိုအပ်နေတဲ့ ကစားသမားတွေအတွက် ဦးဆုံးအာရုံစိုက်လုပ်ဆောင်နေပါတယ်။

ဒါကြောင့် ဘွန်ဒက်လီဂါ ၂၃ ပွဲမှာ ၁၀ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးထားတဲ့ ဒီတောင်ပံကစားသမားကို လီဗာပူးအသင်းခေါ်ယူနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေအတော်လေးနည်းပါးနေပါတယ်။