The network connection is lost.

Banner Image

ဒဏ်ရာပြဿနာတွေကြောင့် စထရာဘော့မှာ စိတ်ပျက်နေရတဲ့ ချဲလ်ဆီးအငှားကစားသမား အာရွန် အန်ဆယ်မီနို

ချဲလ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အာရွန် အန်ဆယ်မီနိုဟာ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ကြုံတွေ့နေရတာကြောင့် စိတ်ပျက်အားမလိုအားမရ ဖြစ်နေတယ်လို့ စထရာဘော့နည်းပြ ဂယ်ရီ အိုနေးလ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ အန်ဆယ်မီနိုကို ချဲလ်ဆီးအသင်းက ဇန်နဝါရီလတုန်းက ဒေါ့မွန်အသင်းကနေ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ ပိုင်ရှင်တူကလပ်ဖြစ်တဲ့ စထရာဘော့အသင်းဆီကို အငှားထပ်မံစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်မီနိုဟာ သူ့ရဲ့ ပေါင်နောက်ကြောဒဏ်ရာ ပြဿနာကြောင့် လီဂူးဝမ်းကလပ် စထရာဘော့အတွက် ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲမှ မပါဝင်ရသေးဘဲ လူစားဝင်ကစားသမားအဖြစ် နှစ်ပွဲကစားခဲ့ရာမှာလည်း စုစုပေါင်း နှစ်မိနစ်ပဲ ကွင်းထဲမှာ ပါဝင်ကစားခွင့် ရရှိပါသေးတယ်။

စထရာဘော့အသင်းရဲ့ ပြင်သစ်ရှုံးထွက်ဖလား ပွဲစဉ်အဖြစ် ရိမ်းစ်အသင်းနဲ့ မကစားခင်မှာ နည်းပြ ဂယ်ရီ အိုနေးလ်က လူငယ်နောက်ခံလူလေးဟာ လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေတယ်လို့ အခုလို ဝန်ခံပြောဆိုခဲ့တာပါ။

"သူ စိတ်ပျက်နေတာ အမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို စွန့်စားပြီး အတင်းအကျပ် သုံးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူ့ကို တစ်ပွဲ၊ နှစ်ပွဲလောက်အတွက်ပဲ မဟုတ်ဘဲ ရေရှည်အတွက် အဆင်သင့်ဖြစ်နေစေချင်တာပါ" လို့ ၎င်းက ဆိုပါတယ်။