ဆော်လော့ရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အတူ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တဲ့ အက်သလက်တီကို
အက်သလက်တီကိုမက်ဒရစ် ၄-၁ ဘရုဂျက် (ပွဲပြီးရလဒ်)
မက်ထရိုပိုလီတာနိုကွင်းမှာကစားခဲ့တဲ့ အရေးကြီးပွဲစဉ်အတွင်း နှစ်ဖက်အသင်းကစားသမားတွေ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြကာ အိမ်ရှင်အက်သလက်တီကိုမက်ဒရစ်က ဧည့်သည်ဘရုဂျက်ကို နှစ်ကျော့ပေါင်းရလဒ် ၇-၄ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့် တက်ရောက်သွားပါတယ်။ အခုပွဲစဉ်ရဲ့အဆုံးအဖြတ်သွင်းဂိုးတွေကို အိမ်ရှင်တွေအတွက် ဆော်လော့ရဲ့ဟက်ထရစ်အပြင် ကာဒိုဆိုတို့က သွင်းယူပေးခဲ့ပြီး ဧည့်သည်ဘရုဂျက်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ အော်ဒိုနက်ဇ်က သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လတ်တလောရလဒ်ပိုင်းအနည်းငယ်ယိမ်းယိုင်နေခဲ့တဲ့ အေတီကိုနည်းပြဆီမြွန်နီအတွက် ကျေနပ်စရာ ဖြစ်လာခဲ့ပါတယ်။