The network connection is lost.

Banner Image

အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မာတီနက်ဇ် ဘာကြောင့် မပါဝင်နိုင်ခဲ့လဲဆိုတာကို ယူနိုက်တက်နည်းပြ ကာရစ် ရှင်းပြ

မနေ့ညက အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လီဆန်ဒရို မာတီနက်ဇ်ကို ဘာကြောင့် လူစာရင်းကနေ ချန်လှပ်ခဲ့ရသလဲဆိုတာကို မန်ချက်စတာ ယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်က ရှင်းပြခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ယူနိုက်တက်အတွက် နောက်ဆုံး ၉ ပွဲဆက်တိုက် ပွဲထွက်ကစားပေးခဲ့သူဖြစ်ပေမဲ့ တနင်္လာနေ့ညပွဲစဉ်မှာတော့ လွဲချော်ခဲ့ရပါတယ်။ သူ့နေရာမှာ လန်နီယိုရိုက ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ဂျက်မိုးဟောက်စ်ကတော့ အရန်ခုံမှာ နေရာယူခဲ့ပါတယ်။

ပွဲမစတင်မီမှာ ကာရစ်က "ဟုတ်ပါတယ်၊ စိတ်မကောင်းစရာပဲ၊ သူက ဒီတစ်ပတ်အတွင်းမှာ ဒဏ်ရာတစ်ခု ရသွားလို့ပါ" လို့ ပြောကြားခဲ့ပါတယ်။

"ဒဏ်ရာက သိပ်တော့ မပြင်းထန်လှပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အခုလောလောဆယ်မှာ သူ့ရဲ့အခြေအနေကို စောင့်ကြည့်စစ်ဆေးနေရတုန်းမို့ ဒီညပွဲစဉ်မှာ သူ မပါဝင်နိုင်တာပါ။ သူ (မာတီနက်ဇ်) က ကျွန်တော်တို့အတွက် တကယ်ကို အစွမ်းပြနေတဲ့သူမို့ အခုလို မပါဝင်နိုင်တာက စိတ်ပျက်စရာပါပဲ။ ဒါပေမဲ့ လန်နီက ဝက်စ်ဟမ်းနဲ့ပွဲမှာ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့တာကြောင့် လန်နီကို ထည့်သွင်းအသုံးပြုခဲ့တာပါ၊ ကျွန်တော်တို့ အကောင်းဆုံး ရှေ့ဆက်သွားမှာပါ" လို့ ဆိုပါတယ်။