နယူးကာဆယ်ကြယ်ပွင့်ဂေါ်ဒွန်အတွက် ပေါင် ၈၃ သန်းအထိအသုံးပြုရန် ပြင်ဆင်နေတဲ့ လီဗာပူး
လာမယ့်နွေရာသီမှာ နယူးကာဆယ်တောင်ပံကစားသမားအန်သိုနီဂေါ်ဒွန်ကို ခေါ်ယူဖို့ လီဗာပူးအသင်းက စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့အတွက် ပေါင် ၈၃ သန်းအထိ အသုံးပြုသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အန်းစလော့ရဲ့အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်တွေအတွက် ပေါင်သန်း ၄၀၀ ကျော် အသုံးပြုခဲ့ပေမဲ့ အခုဘောလုံးရာသီမှာတော့ မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ပါဘူး။
ဒီအသုံးစရိတ်အတွေအနက် ပေါင် ၁၂၅ သန်းကို အက်ဒီဟိုဝီရဲ့အသင်းဆီမှ အီဆက်ခ်ကိုခေါ်ယူဖို့ သုံးစွဲခဲ့ပြီး အခုလည်း နယူးကာဆယ်ကြယ်ပွင့်နောက်တစ်ဦးကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။
Fichajes ရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ ငွေကြေးအမြောက်အမြားထပ်မံအသုံးပြုဖို့ ရှိနေပြီး ဒီတစ်ကြိမ်မှာတော့ အသက် ၂၄ နှစ်အရွယ်နယူးကာဆယ်တောင်ပံကစားသမားဂေါ်ဒွန်ကို ခေါ်ယူဖို့ ဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားကိုရရှိဖို့အတွက် ပေါင် ၈၃ သန်းအထိ ကုန်ကျနိုင်ပေမဲ့ နယူးကာဆယ်ဘက်ကတော့ ရောင်းချဖို့ ဝန်လေးနေပါတယ်။