The network connection is lost.

Banner Image

အက်စတွန်ဗီလာ၊ လီဗာပူးနဲ့ အီလီယော့တို့ရဲ့ အပြောင်းအရွှေ့သဘောတူညီချက်အခြေအနေ ထွက်ပေါ်လာ

လီဗာပူးမှ အက်စတွန်ဗီလာဆီ အငှားဖြင့်လာရောက်ကစားနေတဲ့ အီလီယော့ရဲ့စာချုပ်ထဲမှာ ပရီးမီးယားလိဂ်ပွဲထွက်ကစားခွင့်အပေါ မူတည်ပြီး အပြီးသတ်ဝယ်ယူရမယ့် သဘောတူညီချက်တစ်ခု ပါဝင်နေပါတယ်။

အဲ့ဒီသဘောတူညီချက်အရ အီလီယော့ကို အပြီးသတ်ဝယ်ယူရမယ့်ကိစ္စအပေါ် ရှောင်လွှဲနိုင်ဖို့အတွက် အက်စတွန်ဗီလာက ကစားသမားကို လက်ကျန်ရာသီဝက်ပွဲစဉ်တွေမှာ အသုံးမပြုဘဲ ချန်လှပ်ထားလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီကလည်း သူ့ရဲ့ရေရှည်စီမံကိန်းထဲမှာ အီလီယော့မပါဝင်ဘူးလို့ လူသိရှင်ကြားပြောဆိုထားသလို၊ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက သူ့ကို လီဗာပူးအသင်းဆီ ပြန်ပို့ချင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ Liverpool Echo သတင်းဌာနရဲ့ဖော်ပြချက်အရ လက်ကျန်ရာသီပွဲစဉ်တွေမှာ အီလီယော့ကို ပွဲထုတ်ဖို့အတွက် ဗီလာဘက်မှာ ရွေးချယ်စရာအခြေအနေအချို့ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီအပြီးသတ်ဝယ်ယူရမယ့်အချက်က ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက်သာ အကျုံးဝင်ပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားလေးက အခုရာသီ၊ အက်စတွန်ဗီလာအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၄ ခုသာ ပါဝင်ကစားခဲ့ပါတယ်။ အကယ်၍ သူသာ ပရီးမီးယားလိဂ် ၁၀ ပွဲအထိ ကစားရမယ်ဆိုရင် အက်စတွန်ဗီလာက ကစားသမားကို အပြီးသတ်ဝယ်ယူရမယ်ဆိုတဲ့စည်းကမ်းသတ်မှတ်ချက် အလိုအလျောက်အသက်ဝင်လာပါလိမ့်မယ်။