ဆန်ချိုနဲ့ အပြီးသတ်လမ်းခွဲဖို့ဆုံးဖြတ်လိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်နဲ့ ဂျေဒန်ဆန်ချိုတို့ဟာ လာမယ့်နွေရာသီမှာ အပြီးသတ် လမ်းခွဲကြတော့မှာ ဖြစ်ပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အသက် ၂၅ နှစ်အရွယ်ရှိ ဆန်ချိုရဲ့ စာချုပ်ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးကို အသုံးမပြုဖို့ ဆုံးဖြတ်လိုက်တာပါ။ဒါကြောင့် ဆန်ချိုဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ အသင်းကနေ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီတောင်ပံကစားသမားအတွက် ရရှိနိုင်မယ့် ပြောင်းရွှေ့ကြေးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသင်းစီမံခန့်ခွဲသူတွေဟာ တစ်ပတ်ကို ယူရို ၂၃၀,၀၀၀ ဝန်းကျင်ရှိတဲ့ သူ့ရဲ့ လုပ်ခလစာကို နောက်ထပ် တစ်နှစ် ထပ်မံပေးချေလိုခြင်းမရှိဘူးလို့လည်းသိရပါတယ်။ဆန်ချိုဟာ လက်ရှိမှာတော့ အက်စတွန်ဗီလာအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေပြီး ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၁ ဂိုး သွင်းယူထားပါတယ်။