The network connection is lost.

Banner Image

ချယ်လ်ဆီးရဲ့ကမ်းလှမ်းမှုကို ဘာကြောင့်ငြင်းပယ်ခဲ့တာလဲဆိုတာ ဖွင့်ဟလာတဲ့ လိုက်ပ်ဇစ်ကြယ်ပွင့် ဒီအိုမန်ဒီ

နာမည်ကြီးလိုက်ပ်ဇစ်တောင်ပံကစားသမားယန်းဒီအိုမန်ဒီက ချယ်လ်ဆီးကို ငြင်းပယ်ပြီး လီဂါနက်စ်ဆီ ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာကို ပြောပြလာပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဒီအိုမန်ဒီက ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်ကစားသမားတွေအနက် တစ်ဦးဖြစ်လာပြီး ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်တို့လို အသင်းကြီးတွေရဲ့အာရုံစိုက်မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

ဒီအိုမန်ဒီက ၂၀၂၄ ခုနှစ်၊ စပိန်ကလပ်လီဂါနက်စ်ဆီ မရောက်ရှိလာခင် ချဲလ်ဆီးဆီပြောင်းရွှေ့ဖို့ အခွင့်အရေးရရှိခဲ့ဖူးတယ်လို့ ဖွင့်ဟလာပါတယ်။

BILD နဲ့ အင်တာဗျူးအစီအစဉ်အတွင်း သူက "လူအတော်များများက ကျွန်တော့်ကို ချယ်လ်ဆီးမှာ သေချာပေါက်ကစားသင့်တယ်လို့ တိုက်တွန်းခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ကျွန်တော် အရာအားလုံးကို ခဏရပ်ပြီး ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျွန်တော် လီဂါနက်စ်အသင်းဥက္ကဋ္ဌကို သိထားတာလည်း ပါတာပေါ့၊ သူက ကျွန်တော် အမေရိကဆီပြောင်းတုန်းက ကူညီပေးခဲ့ဖူးပါတယ်။"

"ရုတ်တရက်ဆိုသလို ကျွန်တော့်ရှေ့မှာ ရွေးချယ်စရာ နှစ်ခု ဖြစ်လာတယ်၊ လီဂါနက်စ်လား ဒါမှမဟုတ် ချယ်လ်ဆီးလားပေါ့။ အဲဒါက စွန့်စားရာရောက်ပေမဲ့ ကံကောင်းစွာနဲ့ပဲ အခုတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ဘောလုံးလောကမှာ စိတ်ရှည်ဖို့က အရမ်းအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အရာအားလုံးက ပိုက်ဆံတစ်ခုတည်းအပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ အကယ်၍ မင်းသာ ကောင်းကောင်းကစားနိုင်မယ်ဆိုရင် ကျန်တာတွေ သူ့အလိုလို ဖြစ်လာပါလိမ့်မယ်။"

"ကျွန်တော်က ငယ်သေးတယ်၊ ခြေစွမ်းတိုးတက်ဖို့နဲ့ ကိုယ့်ရဲ့တန်ဖိုးမြင့်တက်လာဖို့အတွက် ပွဲထွက်ကစားခွင့် လိုအပ်ပါတယ်။ အရန်ခုံမှာဆိုရင်တော့ ဒါမျိုးတွေကို မရနိုင်ပါဘူး" လို့ ၎င်းက ဆိုပါတယ်။