The network connection is lost.

Banner Image

ဖီယင်နုအသင်းဖော်သစ်တွေနဲ့ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ခံထားရတဲ့ စတာလင်

မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူးကစားသမားဟောင်းစတာလင်ဟာ သူ့ရဲ့ ဖီယင်နုအသင်းဖော်သစ်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ခံထားရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဝါရင့်တောင်ပံကစားသမားက ဖီယင်နုအသင်းနဲ့ ရာသီကုန်အထိ သက်တမ်းရှိမယ့် ကနဦးစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်ပါမစ်(Work Permit)အခက်အခဲတွေကြောင့် ဖီယင်နုနည်းပြရော်ဘင်ဗန်ပါစီရဲ့လက်အောက်စတာလင် လေ့ကျင့်ခန်းမဆင်းနိုင်သေးဘူးလို့ talkSPORT မှ ဖော်ပြထားပါတယ်။

စတာလင်က အခုဘောလုံးရာသီမှာ ပြိုင်ပွဲပုံစံပွဲစဉ်တစ်ခုမှ မကစားရသေးလို့ ကွင်းတွင်းလေ့ကျင့်ခန်း အမြန်ဆုံးစတင်နိုင်ရန် လိုအပ်နေပါတယ်။

သူက ပြီးခဲ့တဲ့လ၊ ချယ်လ်ဆီးနဲ့စာချုပ်ဖျက်သိမ်းပြီးနောက် ဖီယင်နုဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပါတယ်။