The network connection is lost.

Banner Image

ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ ဒေးဗစ်ရောင်မ်ရဲ့နေရာကို အစားထိုးမယ့်အစီအစဉ်အကြောင်း လိုက်ပ်ဇစ်နည်းပြအိုလီဝါနာထုတ်ဖော်ပြောကြား

ဒေးဗစ်ရောင်မ်ပွဲပယ်ပြစ်ဒဏ်ခံနေရမှုနဲ့အတူ ဝုဖ်ဘတ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် မက်စ်ဖန်ဂရေ့ဖ်ကို ဘယ်အစွန်နောက်ခံလူအဖြစ် အစားထိုးဝင်ရောက်ကစားဖို့ လိုက်ပ်ဇစ်နည်းပြအိုလီဝါနာက ထောက်ခံလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ကိုလုံးမှ လိုက်ပ်ဇစ်ဆီရောက်ရှိလာခဲ့တဲ့ မက်စ်ဖန်ဂရေ့ဖ်က အခုဘောလုံးရာသီတလျှောက်လုံး ပွဲထွက်ခွင့်မရရှိသေးဘဲ ငါးပွဲသာ လူစားဝင်ကစားခဲ့ရပြီး ပွဲချိန်စုစုပေါင်း ၄၆ မိနစ်သာ ရရှိထားပါတယ်။ အခုတော့ ဒီအခြေအနေတွေက အပြောင်းအလဲရှိလာနိုင်ပါတယ်။
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း လိုက်ပ်ဇစ်နည်းပြအိုလီဝါနာက ပွဲပယ်ခံထားရတဲ့ အသင်းခေါင်းဆောင်ဒေးဗစ်ရောင်မ်မပါဝင်နိုင်လို့ အသက် ၂၁ နှစ်အရွယ်ကစားသမားလေးကို တနင်္ဂနွေနေ့၊ ဝုဖ်ဘတ်နဲ့ပွဲစဉ်အတွက် ဘယ်နောက်ခံလူအဖြစ် ရှားရှားပါးပါးပွဲထွက်ကစားခွင့်ပေးသွားမယ်လို့ ပြောပါတယ်။
"ဒေးဗစ်ရောင်မ်ဆိုတာ ကျွန်တော်တို့အသင်းရဲ့ခေါင်းဆောင်ဖြစ်သလို တကယ့်ကို ဦးဆောင်မှုပေးနိုင်ပြီး အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူက အသင်းအတွက် စွမ်းအင်တွေနဲ့ အရည်အသွေးတွေကို အမြဲပေးစွမ်းနိုင်သလို အထူးသဖြင့် ပြစ်ဒဏ်ဘောတွေကန်တဲ့နေရာမှာလည်း အရမ်းကောင်းပါတယ်" လို့ ဝါနာက ရှင်းပြခဲ့ပါတယ်။

"ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ တခြားနောက်ခံလူကောင်းတွေလည်း ရှိပါသေးတယ်၊ မက်စ်ဖန်ဂရေ့ဖ်လည်း ဒီကစားသမားစာရင်းမှာ ပါဝင်ပါတယ်။ သူ့အတွက် ပွဲကစားချိန်သိပ်မရှိဘူးဆိုတာ မှန်ပေမဲ့ ဒါဟာ ဒေးဗစ်ရောင်မ်ခြေစွမ်းပြနေတာနဲ့လည်း သက်ဆိုင်ပါတယ်။"

"ဒါတောင်မှ မက်စ်ဖန်ဂရေ့ဖ်က လေ့ကျင့်ရေးဆင်းချိန်တိုင်း တစ်ဆင့်ချင်းစီတိုးတက်အောင် ကြိုးစားနေသူ ဖြစ်ပါတယ်။ သူက အသင်းအတွက် အရမ်းအရေးပါပြီး တန်ဖိုးရှိတဲ့ကစားသမားတစ်ဦးဖြစ်သလို လေ့ကျင့်ရေးတိုင်းမှာလည်း ရာနှုန်းပြည့်အားစိုက်ထားလို့ သူ့အပေါ်မှာ ယုံကြည်မှုအပြည့်အ၀ရှိပါတယ်။"

"ဒေးဗစ်ရောင်မ်မပါဝင်နိုင်တာ စိတ်မကောင်းမိပေမဲ့ မက်စ်ဖန်ဂရေ့ဖ်အတွက် အခုလို အခွင့်အရေးရသွားတာကိုလည်း ဝမ်းသာမိပါတယ်။ သူ ကောင်းကောင်းလုပ်ပြနိုင်လိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်"လို့ လိုက်ပ်ဇစ်နည်းပြက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။

လိုက်ပ်ဇစ်နဲ့ဝုဖ်ဘတ်တို့ရဲ့ပွဲစဉ်ကို တနင်္ဂနွေနေ့၊ ရက်ဘူးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားပါမယ်။