The network connection is lost.

Banner Image

ဂျူဗင်တပ်စ်လူငယ်ကြယ်ပွင့် ယီလ်ဒစ်ဇ်ဆီမှာ အောင်မြင်မှုတွေ အများကြီးရှိလာလိမ့်ဦးမယ်လို့ ယုံကြည်နေတဲ့ တူရကီနည်းပြမွန်တဲလား

ဂျူဗင်တပ်စ်အသင်းမှာ ယီလ်ဒစ်ဇ်ရဲ့တိုးတက်လာမှုပုံစံကို တူရကီလက်ရွေးစင်အသင်းနည်းပြ ဗင်ဆန်ဇိုမွန်တဲလား အလွန်သဘောကျနှစ်ခြိုက်နေပါတယ်။ မကြာသေးခင်ကပဲ ဒီကွင်းလယ်ကစားသမားက ဂျူဗင်တပ်စ်နဲ့ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးထားပါတယ်။

ဂျူဗင်တပ်စ်နဲ့ လာဇီယိုတို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မတိုင်ခင် မွန်တဲလားက "ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်။ ဂျူဗင်တပ်စ်လူငယ်အသင်းမှာ ကစားနေချိန်ကတည်းက ယီလ်ဒစ်ဇ်က လက်ရွေးစင်အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့တာပါ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

"သူက အရည်အချင်းအပြည့်ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခုထိလည်း ဆက်လက်တိုးတက်နေပါတယ်။ ယီဒစ်ဇ်က ပါရမီရှိရုံတင်မကဘဲ မှန်ကန်တဲ့စိတ်ဓါတ်ပိုင်းလည်း ရှိပါတယ်၊ သူက ပိုကောင်းလာဖို့ အမြဲတမ်း ကြိုးစားချင်ပါတယ်။ လာမယ့်နှစ်တွေမှာ သူ့အတွက် အလွန်မြင့်မားတဲ့ အနာဂတ်တစ်ခုရှိလာလိမ့်မယ်ဆိုတာ ကျွန်တော် မြင်မိနေပါတယ်" လို့ ၎င်းက ဆိုပါတယ်။


ဂျူဗင်တပ်စ်ဂန္ထဝင်ဒယ်ပီယာရိုနဲ့ နှိုင်းယှဉ်မှုအပေါ် မွန်တဲလားက "တူညီတဲ့အချက်တချို့တော့ ရှိပါတယ်။ ဥပမာ- သူဂိုးကန်သွင်းတဲ့ပုံစံပေါ့၊ ယီလ်ဒစ်ဇ်သွင်းခဲ့တဲ့ ဂိုးတချို့က ဒယ်ပီယာရိုသွင်းခဲ့တဲ့ ဂိုးတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က ကစားဟန်ပိုင်းမှာတော့ ကွဲပြားမှုတွေရှိပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။