The network connection is lost.

Banner Image

ဟော်ဖန်ဟိမ်းနဲ့ပွဲစဉ်အတွက် အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်နိုင်သေးတဲ့ ဟယ်ရီကိန်း

အဖျားဝေဒနာခံစားနေရတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူးဟယ်ရီကိန်းက အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို နှစ်ရက်ဆက်တိုက် ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့်တနင်္ဂနွေနေ့၊ ဟော်ဖန်ဟိမ်းနဲ့ရင်ဆိုင်ရမယ့်ပွဲကြီးပွဲကောင်းအတွက် အင်္ဂလန်အသင်းခေါင်းဆောင်ပါဝင်ကစားနိုင်ရေး ကြံ့ခိုင်မှုရှိစေဖို့ အချိန်နဲ့အမျှအရေးကြီးနေပါတယ်။


ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အတွက် သတင်းကောင်းတစ်ခုကတော့ ဟယ်ရီကိန်းကလွဲလို့ စတန်နီဆစ်၊ လိုင်မာတို့အပါအဝင် ကျန်ကစားသမားတွေအားလုံး ဗုဒ္ဓဟူးနေ့လေ့ကျင့်ရေးမှာ အစုံအလင် ပြန်လည်ပါဝင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။