ဘရန့်ဖို့ဒ်ကို အနိုင်ယူကာ မန်စီးတီးကို ၅မှတ်ပြန်ဖြတ်လိုက်တဲ့ အာဆင်နယ်
အာဆင်နယ် ၂ - ၀ ဘရန့်ဖို့ဒ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ဒဏ်ရာပြဿနာများနေတာကြောင့် ဒီပွဲကို ခက်ခက်ခဲခဲ ကစားခဲ့ရသလို နောက်ခံလူ မော့စ်ကွီယာပါ ဒဏ်ရာထပ်ရသွားလို့ ခံစစ်ပိုင်းအားနည်းမှုတွေကြုံတွေ့လာရနိုင်ပါတယ်။
ခြေစွမ်းပိုင်းမှာတော့ အာဆင်နယ်က ခြေစွာနေတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်ကစားသွားကာ မီရီနို၊ ဆာကာတို့ရဲ့သွင်းဂိုးတွေနဲ့လိုအပ်နေတဲ့ နိုင်ပွဲကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ကတော့ ဒီညပွဲမှာ အဓိက ကစားသမားသုံးဦးဖြစ်တဲ့ သီယာဂို၊ ကောလင်းစ်နဲ့ ဟန်ဒါဆန်တို့ကို ဒုတိယပိုင်းမှာ အသုံးပြုခဲ့တာကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး အမ်းမရိတ်မြေမှာ အရှုံးပေးခဲ့ရပါတယ်။