
ကရာဗန်ကော့တေ့ချ်မှာ ဖူလ်ဟမ်ကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေတဲ့ အာဆင်နယ်
ဖူလ်ဟမ် ၀ - ၁ အာဆင်နယ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်ရဲ့ လူကပ်ကစားပုံကောင်းမွန်မှုကြောင့် တိုက်စစ်ပိုင်း ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုးရှာဖွေနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ထုံးစံအတိုင်း ထောင့်ကန်ဘောကနေ အနိုင်ဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။
ဖူလ်ဟမ်ကတော့ ယနေ့ညပွဲစဉ်အတွင်း ကွင်းလယ်နဲ့ ခံစစ်ပိုင်း ကောင်းမွန်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းအားနည်းချက်တွေကြောင့် သွင်းဂိုးမရခဲ့ဘဲ အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရပါတယ်။