The network connection is lost.

Banner Image

ဂန္ထဝင်နည်းပြကြီး ၂ ဦးရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဘရန့်ဖို့ဒ်ကိုအနိုင်ရပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ နိုင်ပွဲ ၂၅၀ အမြန်ဆုံးရရှိတဲ့နည်းပြဖြစ်လာခဲ့ပါတယ်။
အဆိုပါစံချိန်ကို ဂွါဒီယိုလာဟာ ၃၄၉ ပွဲတည်းနဲ့တင်နိုင်ခဲ့တာဖြစ်ပြီး ဆာအဲလက်စ် ၊ အာစင်ဝင်းဂါးတို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
စီးတီးဟာ ဘရန့်ဖို့ဒ်ကို ဟာလန်းရဲ့ပထမပိုင်းသွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ၁-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ ပြည့်ခဲ့တာဖြစ်ပြီး ၃၄၉ ပွဲသာ ကိုင်တွယ်ခဲ့ရပါတယ်။
ယခင်ဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ်က နိုင်ပွဲ ၂၅၀ ပြည့်ဖို့ ပွဲပေါင်း ၄၀၄ ပွဲအထိ ကိုင်တွယ်ခဲ့ရသလို အာစင်ဝင်းဂါးကလည်း ပွဲပေါင်း ၄၂၃ ပွဲအထိ ကိုင်တွယ်ခဲ့ရပါတယ်။
ယခင်ယူနိုက်တက် နဲ့ လက်ရှိအဲဗာတန်နည်းပြ မိုယက်စ်ကတော့ ၆၄၅ ပွဲအထိ ကိုင်တွယ်ခဲ့ရပါတယ်။ တော့တင်ဟမ် နဲ့ ဘရိုက်တန်တို့ကို ၂ ပွဲဆက်အရေးနိမ့်ပြီးနောက် စီးတီးဟာ လိဂ်နောက်ဆုံး ၄ ပွဲဆက် အရေးမနိမ့်ထားခဲ့သလို ပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲဆက်အရေးမနိမ့်ထားခဲ့တာဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ကိုအနိုင်ရပြီးနောက် စီးတီးဟာ အမှတ်ပေးဇယားအဆင့် ၅ နေရာကို တက်ရောက်လာခဲ့ပါတယ်။ အဆိုပါပွဲမှာ ရိုဒရီဒဏ်ရာရခဲ့တာကြောင့် နီကိုနဲ့လူစားလဲခဲ့ရပြီး နောက်ထပ်အချိန်တစ်ခုလောက်နားရနိုင်ချေများနေပါတယ်။
ဟာလန်းကတော့ ဒီရာသီမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ ၉ ပွဲမှာ ၁၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ 
စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့်လည်း နော်ဝေသားက သူ့အနေနဲ့ ဥရောပဂိုးသွင်းရှင်ဖြစ်လာဖို့ ဘာပေ ၊ ကိန်းတို့နဲ့ အားပြိုင်ရတဲ့ဖိအားရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။