The network connection is lost.

Banner Image

ဆဲလ်ဟတ်ပတ်ခ်မှာ နောက်ကျသွင်းဂိုးဖြင့် ရှုံးပွဲကြုံခဲ့တဲ့ လီဗာပူး

ခရစ္စတယ်ပဲလေ့စ် ၂-၁ လီဗာပူး (ပွဲပြီးရလဒ်)

လန်ဒန်မြေမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း နောက်ကျသွင်းဂိုးတွေအပြင် နှစ်ဖက်အသင်းဂိုးသမားတွေရဲ့ လက်စွမ်းပြကာကွယ်မှုများစွာကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲချိန် ၉ မိနစ်မှာတော့ ဆားက အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ပိုင်းပွဲချိန်တွေမှာ အပြန်အလှန်ထိုးဖောက်ကန်သွင်းမှုတွေရှိခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်ဂိုးသမားဟန်ဒါဆန်ရော၊ လီဗာပူးဂိုးသမားအလီဆင်ပါ လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်ပြီးဆုံးခါနီးမှာ ဧည့်သည်တွေအတွက် လူစားဝင်ကစားသမားချီယေဆာက ချေပဂိုးသွင်းယူပေးခဲ့ပြီး နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ လူစားဝင်ကစားသမားဖြစ်တဲ့ အန်ကတ်တီယာက အခုပွဲစဉ်ရဲ့အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။