
အီတီဟတ်မှာ ချန်ပီယံလိဂ်ခရီးစဉ်ကို နိုင်ပွဲနဲ့စတင်ခဲ့တဲ့ မန်စီးတီး
မန်စီးတီး ၂-၀ နာပိုလီ (ပွဲပြီးရလဒ်)
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အစောပိုင်းမှာပဲ နာပိုလီကပ္ပတိန်ဒီလော်ရန်ဇို ထုတ်ပယ်ခံခဲ့ရသလို အိမ်ရှင်မန်စီးတီးကပဲ ပွဲချိန်တလျှောက်လုံးနီးပါး ကစားသမားတစ်ဦးအသာ၊ ကစားကွက်အသာနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းပွဲချိန်အတွင်း ဟာလန်း၊ ဒိုကူတို့က သွင်းယူပေးခဲ့ပါတယ်။ တဖက်မှာ အီတလီချန်ပီယံတွေက အိမ်ရှင်တွေကို အကောင်းဆုံးဒုက္ခပေးနိုင်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် ရမှတ်ဗလာနဲ့ပဲ အိမ်ပြန်သွားခဲ့ရပါတယ်။